သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-31
အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဂျာမဏီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် Giesecke and Devrient ကုမ္ပဏီက မြန်မာကို အစိုးရပုံနှိပ်လုပ်ငန်းနဲ့ ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပါတယ်။
2021-03-30
ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ဟာ CRPH က ဦးဆောင်ဖွဲ့စည်းမယ့် ဖက်ဒရယ်တပ်မတော်မှာ ပူးပေါင်း ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ADSDF မြောက်ပိုင်းစစ်ဒေသကော်မတီဥက္ကဋ္ဌ ကိုလဆိုင်း က RFA ကို ပြောပါတယ်။
2021-03-29
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်က မတ်လ ၂၇ ရက်နေ့က စပြီး ဆက်တိုက်ဆိုသလို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးမှုတွေရှိသလို ထောင်ပေါင်းများစွာလဲ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြပါတယ်။
2021-03-29
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လက်နက်မဲ့အရပ်သားတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဥပဒေမဲ့ ပစ်သတ်ဖြိုခွင်းနေတာကြောင့် သေဆုံးသူအရေအတွက် နေ့စဉ်တိုးလာနေပါတယ်။
2021-03-28
မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးမှာ မနေ့ည ၁၀ နာရီကျော်က မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်မှန်ခဲ့ပြီး မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-26
CDM လှုပ်ရှားမှုဟာ မြန်မာအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးသလို၊ မြန်မာပြည်သူတွေ ဒီမိုကရေစီပန်းတိုင် ရောက်ဖို့ အတွက် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှု အလွန် အရေးကြီး တယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုတဲ့ပုဂ္ဂိုလ်တွေထဲက အော်စလို တက္ကသိုလ်က ပါမောက္ခ Kristian Stokke က ပြောပါတယ်။
2021-03-26
စစ်အာဏာရှင်ကို မြန်မာလူမျိုးတွေနဲ့အတူ လက်တွဲတိုက်ထုတ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေကပြောကြောင်း KNU နယ်မြေထဲ ရောက်ရှိနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
2021-03-25
နယူးယောက်မြို့က High School of Sports Management မှာအထက်တန်းတက်နေတဲ့ ကျောင်းသားလေး မောင်ဖြိုးမင်းသန့်က မြန်မာနိုင်ငံကအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ကျောင်းမှာ ရှင်းလင်းတင်ပြပွဲတခု မနေ့က ပြုလုပ်ခဲ့ပါတယ်။
2021-03-24
တပ်မတော်က သက်ညှာတဲ့အနေနဲ့ ဒီတစ်ကြိမ် ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး နောက်တစ်ကြိမ်ဆိုရင် တော့ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲ ထောင်ချမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင့်က အင်းစိန်ထောင်ကနေ ပြန်မလွှတ်ခင် ပြောကြားခဲ့ပါတယ်။
2021-03-24
သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ video Conferencing စနစ်နဲ့ ပြုလုပ်မယ့် စတုတ္ထအကြိမ် ဒီနေ့ရုံးချိန်းမှာလည်း အင်တာနက်လိုင်းမရတာကြောင့် ရုံးထုတ်ဆောင်ရွက်နိုခြင်း မရှိခဲ့ပါဘူး၊၊
2021-03-21
ဧရာဝတီတိုင်း ပုသိမ်ဆေးရုံ ပြန်ဖွင့်ဖို့ကြိုးစားပေမယ့်လည်း လက်ရှိမှာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် ဖမ်းဆီးခံထားရပြီး တာဝန်ထမ်းဆောင်မယ့် လ/ထ ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှုမရှိဘူးလို့ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ကောင်းမြတ်စိုးက ပြောပါတယ်။
2021-03-17
ပြီးခဲ့တဲ့ နိုဝင်ဘာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာမဲသမာမူတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ရွေးကောက်ပွဲတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2021-03-17
လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်သွားတဲ့ စက်ရုံတွေနဲ့ ဂိုထောင်တွေဟာ မြန်မာလုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဂိုထောင်တွေကို တရုတ်ကုမ္ပဏီတွေက ငှားရမ်းလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ စက်ရုံနှစ်ရုံ မီးလောင်ခံလိုက်ရတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။