သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-01
စစ်ကိုင်းမြို့ Myanmar Veneer သစ်စက်ရုံက နေပြည်တော်အထိ ချီတက်ကြမယ့် အလုပ်သမားတွေနဲ့ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက ဒီနေ့ အလုပ်သမားတွေ ရောက်နေတဲ့ စဉ့်ကိုင်မြို့မှာ တွေ့ဆုံပြီး သပိတ်စစ်ကြောင်းကို ရပ်နားဖို့ ပြောကြားခဲ့ပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အစိုးရရဲ့ ရက်ပေါင်း ၁ဝဝ စီမံချက်အတွင်း လမ်းတံတား ဆောက်လုပ်ရေးနဲ့ ရေပေးဝေရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း တစ်ထောင်ကျော် အသုံးပြုသွားမယ်လို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝေ က ပြောပါတယ်။
2016-04-30
စစ်တွေကလှေမှောက်တဲ့ကိစ္စ အမေရိကန်သံရုံးရဲ့ကြေညာချက်မှာ ရိုဟင်ဂျာလို့သုံးနှုန်းခဲ့တာကို နိုင်ငံတော် အစိုးရအနေနဲ့ သဘောထားကို အသိပေးထုတ်ပြန် ဖို့ တောင်းဆိုမှုတွေရှိလာနေတာနဲ့ပါတ်သက်ပြီး NLD နာယက သူရဦးတင်ဦးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-04-30
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်ကို ဧပြီ ၂၉ ရက်နေ့စွဲနဲ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။
2016-04-29
သဘာဝဘေးအန္တရာယ်တွေကိုဖြစ်စေတဲ့ သစ်တောပြုန်းတီးမှု ပြဿနာကိုဖြေရှင်းဖို့ အစိုးရအနေနဲ့ သစ်ထုတ်လုပ်ရေးနဲ့ သတ္တုတွင်းတူးဖော်နေမှုတွေကို အဓိကထား ကိုင်တွယ်ထိန်းကျောင်းသင့်တယ်လို့ စိမ်းလန်းအမိမြေအဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူ က ပြောပါတယ်။
2016-04-29
ရခိုင်လွတ်မြောက်ရေးပါတီ ALP က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်က ပေါ်တာဆွဲတယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ နယ်လုံဝန်ကြီးက ALP အဖွဲ့ပြန်ကြားရေးတာဝန်ခံကို ခေါ်ယူတွေ့ဆုံပြီး သတိပေးပြောဆိုခဲ့ပါတယ်။
2016-04-29
စစ်တွေမြို့ သဲချောင်းအနီး စက်လှေတိမ်းမှောက်မှု အပေါ် ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာလို့ ထည့်သွင်းဖော်ပြ ခဲ့တာနဲ့ပတ်သက်ပြီး မနေ့က အမေရိကန်သံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ထဲက ဦးဆောင်သူတွေကို ပုဒ်မ ၁၉ နဲ့ တရားစွဲဆို အရေးယူမယ်လို့ သိရပါတယ်။
2016-04-29
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ်က လမ်းတွေမှာလုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။
2016-04-27
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ဥပဒေပညာရှင်တွေဟာ ဒီနေ့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး တရားဥပဒေ စိုးမိုးရေးနဲ့ တရားရုံးတွေစောင့်ကြည့်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
2016-04-27
ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ အနားပေးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းနဲ့ ပါတီဝင်ဟောင်းတချို့ဟာ ဒီနေ့ နေပြည်တော်က ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-04-27
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ခရစ်ယာန်ကျောင်းနဲ့ ဗလီကျောင်းတွေနား မြိုင်ကြီးငူဆရာတော် စေတီတွေ လိုက်တည်နေတာနဲ့ ပတ်သက်လို့ ဘာသာရေးပဋိပက္ခတွေ မဖြစ်အောင် ကရင်ပြည်နယ်အစိုးရက ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2016-04-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ပင်လုံညီလာခံကို လာမယ့် တစ်လနှစ်လအတွင်းကျင်းပဖို့ ပြောကြားလိုက်တာဟာ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ ကျကျအကောင်အထည်ဖော်မယ့် သဘောဖြစ်တယ်လို့ ယူဆကြောင်း ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမြအေး က သုံးသပ်ပါတယ်။
2016-04-27
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း မြိုင်ကြီးငူ ဆရာတော် ဘုရားတည်ရာမှာ DKBA တပ်ဖွဲ့တွေက လုံခြုံရေးတာဝန်ယူတယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောပါတယ်။
2016-04-27
ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရကို ထောင်ဒဏ်ချမှတ် လိုက်တာဟာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ တရားစီရင်ရေးစနစ် ဆက်လက် ရှိနေသေးတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ဦးဂမ္ဘီရရဲ့အမှုကိုဆောင်ရွက်ပေးခဲ့တဲ့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် ကပြောပါတယ်။
2016-04-27
မြန်မာနိုင်ငံအထက်ပိုင်းမှာ ရာသီဥတုဆိုးဝါးပြီး လူတွေအသက်ဆုံးရှုံးရတာနဲ့ အိမ်တွေပျက်စီးရတာတွေကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ကွင်းဆင်းပြီး နှစ်သိမ့်အားပေးနေသလို၊ အရေးပေါ်ပစ္စည်းတချို့လည်း ကူညီနေပါတယ်။