သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-24
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တွေက စီစဉ်လျက်ရှိပြီး လတ်တလော ကရင်ပြည်နယ်အတွင်း မြဝတီမြို့ကနေ ၁၃ မိုင်အကွာမှာရှိတဲ့ ဘေါကလိမှာ အိမ်ယာတွေ ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။
2013-06-24
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာစားသောက်ဆိုင် ၃ ဆိုင်ဖွင့်လှစ်ပြီး အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်နေတဲ့ ဂန္ဓဝင်စားသောက်ဆိုင်ပိုင်ရှင် ကိုသီဟကို ဦးခင်မောင်စိုးက ဇွန်လ ၁၁ ရက်နေ့မှာ ခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2013-06-21
မြန်မာနိုင်ငံ နယ်မြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိနေသေးကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။
2013-06-16
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလရန်းဈေးကအပြန် မေလ ၃၁ ရက်နေ့ညဦးပိုင်း ၈ နာရီခန့်က လူတချို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ရန်ကုန်ဇာတိ ကိုဇင်ဘို ဆိုသူကို သူတို့မြန်မာတချို့ လက်ရှိခိုလှုံနေထိုင်တဲ့ ကပုန်း(Kepong) ရပ်ကွက်က ဆရာတော် ဒေါက်တာ အိန္ဒိက သတင်းသုံးရာ သမ္မာသမ္ဗောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းမှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဇွန်လ ၁၁ ရက်နေ့မှာ ခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2013-06-14
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည်ကို တံခါးဖွင့်ပေးလိုက်တာဖြစ်ကြောင်း လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။
2013-06-13
ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားရောက် မြန်မာတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံးခဲ့သလို အများပြားလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
2013-06-13
မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-06-13
မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-06-13
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးမှာ တွေ့ဆုံ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-06-12
ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ် တဝိုက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းထားတဲ့ လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲဝင်နေတဲ့ လယ်သမားတွေကို ကူညီပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့ အကျိူးဆောင်ကွန်ရက်အဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်အေး၊ ရန်ကုန်ပြည်သူ့ အကျိူးဆောင် ကွန်ရက်က ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းမြို့က ကိုသန့်ဇင်ထိုက်တို့ သုံးယောက်ကို နတ်တလင်းရဲစခန်းက ဖမ်းဆီးပြီး ပေါင်းတည် အကျဉ်းထောင်ကို ပို့လိုက်တာနဲ့ ပတ်သက်လို့ သူတို့နဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ ကိုတင်မောင်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။