မြန်မာနိုင်ငံသား ၂ ဦး အတွက် ထိုင်းအစိုးရကို UNFC တောင်းဆို
2015.12.27
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမူနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဥပဒေကြောင်းအရ ပြန်လည်စဉ်းစားပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှုး ခူးဦးရယ်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။