ရခိုင်အရေးကော်မရှင်ကို USDP စောင့်ကြည့်မည်
2016.08.26
နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့အတွက် အမျိုးသားရေးအသိ၊ လုံခြုံရေးသတိနဲ့ စောင့်ကြည့်သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။