၂၈ ပါတီကြေညာချက်လက်မှတ်ထိုးမှု ဝ အမျိုးသားပါတီ ဥက္ကဋ္ဌကို ပါတီဗဟိုကော်မတီ ရှုတ်ချ
2021.08.07
ဝ အမျိုးသားပါတီ WNP က သြဂုတ်လ ၆ ရက် မနေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံကြောင်း ၂၈ ပါတီ ကြေညာချက်မှာ သူတို့ ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် က ပါဝင်လက်မှတ်ထိုးခဲ့တာဟာ သူတစ်ဦးတည်းရဲ့ သဘောထားဖြစ်တဲ့အတွက် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝအမျိုးသားပါတီ ရဲ့ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်မြောက်ပိုင်းတာဝန်ခံဖြစ်တဲ့ ဦးဆိုင်နပ် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။