ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်နဲ့ တွေ့ဆုံမေးမြန်းချက်
2013.11.08
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ပထမဆုံးအကြိမ် စတင်ထုတ်ဝေလိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၂၀၁၂/၂၀၁၃ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆.၅% အထိရှိခဲ့တဲ့အတွက် တိုးတက်မှုနှုန်းကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အဓိကနိုင်ငံခြားတင်ပို့နေတဲ့ ဓါတ်ငွေ့၊ သယံဇာတနဲ့ အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတက်နေသလို တိုင်းပြည်ပွင့်လင်းလာတဲ့အတွက် ပြည်တွင်းမှာလည်း ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ များလာနေပြီး စီးပွားရေးကောင်းလာနေတယ်လို့ သုံးသပ်ထားပါတယ်။
အစီရင်ခံစာပါအကြောင်းနဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေမှုတွေကို ရန်ကုန်မြို့ ကမ္ဘာ့ဘဏ်ရုံးခွဲက စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်ကကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ဒီနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။