ကိုဗစ်ကြောင့် ကျောက်စိမ်းဈေးကွက် ထိခိုက်
နန်းထက်ဦး
2020.11.13
2020.11.13
မြန်မာ့ကျောက်စိမ်းဈေးကွက်မှာ အဓိက လွှမ်းမိုးနေတာကတော့ တရုတ်နိုင်ငံက ကျောက်ကုန်သည်တွေပါပဲ။ COVID-19 ကမ္ဘာ့ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံကို တရုတ်ကျောက်ကုန်သည်တွေမလာကြတာကြောင့် မြန်မာ့ကျောက်စိမ်းဈေးကွက်လည်း ထိခိုက်နေပါပြီ။
ကပ်ရောဂါကာလ ရှည်ကြာလာတာနဲ့အမျှ ကျောက်စိမ်းလုပ်ငန်းတွေ ထိခိုက်နစ်နာမှုတွေ ပိုများလာမယ့်အရေး စိုးရိမ်နေရတဲ့အကြောင်း မနန်းထက်ဦးက RFA အတွက် ရိုက်ကူးတင်ဆက်ထားပါတယ်။