ကျီးခေါင်းတောင်စေတီ ထီးတော်တင်
2011.03.29
ဂီရိမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ကျီးခေါင်းတောင်ရွာက ရှေးဟောင်းစေတီ တစ်ဆူ ဖြစ်တဲ့ ”ကျီးခေါင်းတောင် စေတီတော်” ရဲ့ ထီးတော်သစ်ကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့အတူ စုပေါင်းပြီးတင်လှူလိုက်ပါတယ်။