လူငယ်နှင့်ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး
2011.06.28
ဒီအထဲက လူငယ်ဆိုတာ ဘာလဲ။ လူကြီးနဲ့ လူငယ် ဘာကွာသလဲ။ အကြမ်းဖက်တဲ့ လမ်းနဲ့ မဖက်တဲ့လမ်း ရေရှည်မှာ ဘာကွာမလဲ။ နေရာနဲ့ တာဝန် ဆိုတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုချက်တွေကို ကောက်နှုတ် တင်ပြထားပါတယ်။
"လူငယ်ဆိုတာ ဘာလဲ။ လူတွေဟာ အသက်နဲ့ လိုက်ပြီး ပြောင်းလဲသွားသလား။ လူကြီးနဲ့ လူငယ် ဘာကွာသလဲ။ ဘယ်နေရာတွေမှာ လူငယ်လူကြီး အားသာချက် ရှိသလဲ။ တယောက်နဲ့ တယောက် ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတဲ့ အမြင်နဲ့ ဆက်လုပ်သွားမှာပါ။"...
"လက်နက်ကိုင် အကြမ်းဖက်မှုကို နိုင်ငံရေး သဘောတရယးအရ လက်မခံပါဘူး။ အကြမ်းဖက်တဲ့နည်းနဲ့ အစိုးရ အပြောင်းအလဲ လုပ်တာ နိုင်ငံရဲ့ အာဏာကို လွှဲယူတာ ဒီဟာတွေက ဒီနိုင်ငံမှာ အစဉ်အလာ ဖြစ်နေပြီ။ ဒီ အစဉ်အလာကို ပြောင်းလည်းရမယ်ဆိုတာ ကျမတို့ ခံယူချက်အနေနဲ့ အကြမ်းမဖက်တဲ့နည်းကို သွားတာပါ။ အကြမ်းဖက်တာ အမြဲမှားသလား။ ဒီလိုတော့လည်း ပြောလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ဖက်ကနေ ရပ်တည်ပြီးတော့ ခုခံတိုက်ခိုက်တာ ရှိတယ်။ ကျမကတော့ ရေရှည်ကို စဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့နည်းနဲ့ မြန်မြန် ရပြီးတော့ နောက်ဆက်တွဲ ဒဏ်ရာတွေကို ဘယ်လောက်ကြာကြာ ပျောက်အောင် ကုသရအုန်းမှာလဲ။ တကယ်အကြမ်းဖက်တဲ့နည်းနဲ့ လုပ်လို့ နောက်ဒုက္ခတွေ ရှင်းသွားရင်တော့ တမျိုးပေါ့။"
" 'နေရာ' စကားပြောရင် ကျမ ကြိုက်ကို မကြိုက်ချင်ဘူး။ နေရာ ဆိုတာ ကျမနားထဲမှာ အင်မတန်မှ ခါးတယ်။ ဘာလို့လဲဆိုတော့ ဒီ "နေရာ" အတွက် ကျမတို့ နိုင်ငံ အင်မတန်မှ ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီတော့ ကျမ အမြဲပြောတယ်။ တာဝန် ယူဖို့ဘဲ စဉ်းစားပါ။ နေရာ ရယူတဲ့ သဘောနဲ့ မစဉ်းစားကြပါနဲ့။ ကိုယ့်ဘက်က ဘာပေးဆပ်နိုင်လဲလို့ စဉ်းစားတဲ့ အခါမှာ
ကိုယ်ရဲ့ အားနည်းချက်ကိုလည်း သိရမယ်။ ကိုယ့်ရဲ့ အားသာချက်ကိုလည်း သိရမယ်။ ရမ်းသန်းပြီး ပေးဆပ်လို့ မရဘူး။ ကိုယ့်အားနည်းချက်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်ရဲရမယ်။ လက်တွေ့ကျကျပေါ့။"