ထားဝယ်စီမံကိန်း သတင်းစာရှင်းလင်းပွဲ
2013.12.03
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ အီတာလျံ- ထိုင်းကုမ္ပဏီကို ရပ်ဆိုင်းလိုက်ပြီး တခြားကုမ္ပဏီတွေ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင် တင်ဒါအသစ်ခေါ်ယူသွားမယ်လို့ ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီဇင်ဘာလ ၂ ရက် မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။