EU ကုန်သွယ်ရေး အထူးအခွင့်အရေးကိစ္စ သတင်းစာရှင်းလင်းပွဲ
2018.10.30
EU ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ပြန်လည်ရုပ်သိမ်းဖို့အတွက် EU လေ့လာရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒီရက်ပိုင်းအတွင်း တေ့ွဆုံဆွေးနွေးနေပါတယ်။
EU လေ့လာရေးကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ လုပ်ငန်းရှင်တွေက UMFCCI မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။