သိမ်းဆည်းမြေယာတွေ ပြန်ရရေးအလားအလာ

ဝေယံမိုးမြင့်၊ သီဟထွန်း
2020.08.07

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သမ္မတဦးသိန်းစိန်အစိုးရက အာဏာလွှဲပြောင်းပေးချိန်မှာ၊ တစ်နိုင်ငံလုံးက မြေသိမ်းယာသိမ်းအမှုပေါင်း လေးထောင်ကျော်ကိုပါ လွှဲပြောင်းပေးခဲ့ပါတယ်။ NLD အစိုးရတက်လာပြီး တစ်နှစ်အကြာမှာတော့၊ နောက်ထပ်တိုင်ကြားလာတဲ့ အမှုတွေအပါအဝင် မြေယာအမှုတွဲပေါင်း ခြောက်ထောင်ကျော်အထိ ရှိလာပါတယ်။

အဲဒီအမှုတွဲ ခြောက်ထောင်ကျော်မှာ၊ နေပြည်တော်မြို့တော်သစ် တည်ဆောက်ချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော်အစိုးရက သိမ်းယူခဲ့တဲ့လယ်ယာမြေတွေ၊ စစ်တပ်ပိုင် စိုက်ပျိုးရေးစီးပွားရေးလုပ်ငန်းတွေအတွက် သိမ်းယူခဲ့တဲ့၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းက လယ်ယာမြေဧကပေါင်းများစွာ ပါ၀င်ပါတယ်။ အဲဒီသိမ်းဆည်းမြေတွေကို ပြန်ပေးနေပေမယ့် တောင်သူတွေလက်ထဲ အမှန်တကယ် ပြန်ရောက်ပါရဲ့လား၊ ဘယ်လို ကြန့်ကြာမှုတွေရှိနေပါသလဲ။

RFA သတင်းထောက် မဝေယံမိုးမြင့်နဲ့ ကိုသီဟထွန်း တို့က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။