လူကုန်ကူးမှုသားကောင် စစ်ဘေးဒုက္ခသည်များ
2019.02.22
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆိတ်သုဉ်းနေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေပါတယ်။ ဒေသတွင်း သယံဇာတ ပေါကြွယ်ဝပေမဲ့လည်း၊ စစ်ကြောင့် လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်နေရပါတယ်။ လူတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေပိတ်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ကြမ်းလုပ်ဖို့ ထွက်ခွာနေကြပါတယ်။ ထွက်ခွာသွားကြသူတွေထဲ ကံဆိုးသူတချို့ လူကုန်ကူးတာခံကြရ ပါတယ်။ ကျေးကျွန်ခေတ်အခါ တုန်းကလို သခင်ဟောင်းကနေ သခင်သစ်ဆီ အဆင့်ဆင့် ရောင်းစားတာလည်း ခံကြရပါတယ်။ ဒါတွေကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ခံစားနေရတဲ့ တပူပေါ်နှစ်ပူဆင့် အဖြစ်ဆိုးတွေပါ။ တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၅ ခုကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ဦးတင်အောင်ခိုင်က ရိုက်ကူး တင်ပြထားပါတယ်။