ပဒိုစောကွယ်ထူးဝင်းနဲ့ တွေ့ဆုံမေးမြန်းချက်
2016.12.07
ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေ တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့ မှာ တွေ့ဆုံမှုပျက်သွားတာဟာ ငြိမ်းချမ်းရေးအတွက် ချို့ယွင်းချက်ဖြစ်သွားတယ်လို့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။ ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံမေးမြန်းထားပါတယ်။