NLD ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း
2017.02.22
ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက စိတ်ဝင်စားမှု လျော့နည်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်လောင်း ဦးဝင်းမင်း က ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ ကနဦးစာရင်းတွေအရ မဲပေးခွင့်ရှိသူ ၃သိန်း ၇သောင်းကျော် ရှိပြီး ကြိုတင်မဲစာရင်း ကွာဟချက်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ NLD ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်ဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့အတွက် ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်လိုက်ရတာကြောင့် အဲဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရွေးချယ်ရမှာဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလအတွင်း ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ မဲပေးခွင့်ရှိသူစာရင်း၊ ကြိုတင်မဲစာရင်းတွေအကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။