လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆို
2011.03.01
နိုင်ငံရေးပါတီ ၁ဝ ဖွဲ့ ပေါင်းစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်ခွင့်ပေးဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ ဒီမိုကရေစီပါတီ (မြန်မာ)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ချင်းအမျိုးသားပါတီ (CNP)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီတို့ အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုက စုပေါင်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။