လောင်းကစားနဲ့ မီဒီယာကျင့်ဝတ်
2017.12.12
မြန်မာနိုင်ငံက သတင်းစာဂျာနယ်တွေမှာ အခုဆိုရင် အတော်လေး လွတ်လွတ်လပ်လပ် ဖော်ပြ ရေးသားခွင့် ရနေပြီဖြစ်ပါတယ်။ အဲဒီ သတင်းစာဂျာနယ်တွေထဲကမှ... အားကစားသတင်းတွေကိုသာ သီးသန့်ဖော်ပြတဲ့ အားကစားဂျာနယ်တချို့မှာ ဥရောပ အမှတ်ပေးဘောလုံးပြိုင်ပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ.. စတဲ့ ဘောလုံးပွဲ အနိုင်အရှုံးတွေကို ပွဲမစခင်ကတည်းက ကြိုတင်ခန့်မှန်းပေးနေပါတယ်။ ဒါ့ပြင် လောင်းကြေး အသားပေးဖော်ပြတဲ့ အားကစားဂျာနယ်တွေလည်း ဈေးကွက်ထဲမှာ တွင်ကျယ်နေတာ တွေ့ရပါတယ်။ အဲဒီလို ဖော်ပြတာတွေဟာ မီဒီယာကျင့်ဝတ်နဲ့ညီရဲ့လား ဆိုတဲ့အပေါ် ဝါရင့် သတင်းစာဆရာကြီးတွေ၊ ဂျာနယ် အယ်ဒီတာတွေနဲ့ တွေ့ဆုံမေးမြန်းပြီး RFA သတင်းထောက် ကိုကျော်သူက တင်ဆက်ထားပါတယ်။