သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-23
ဥပဒေပြုရေးကဏ္ဍအတွက် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Hazel မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-02-23
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ရန်ကုန် မြောက်ပိုင်းခရိုင် အတွင်းမှာရှိတဲ့ ရဲအချုပ်ခန်းတွေ၊ တရားရုံး အချုပ်ခန်းတွေနဲ့၊ ရဲဘက်စခန်းတွေမှာ ပြစ်ဒဏ် ကျခံနေရသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိမရှိ ဒီကနေ့ လိုက်လံစစ်ဆေးခဲ့ပါတယ်။
2017-02-23
တောင်သူလယ်သမားတွေ မနစ်နာဖို့ အလေးချိန်ခွင် နှုန်းထားတွေ တန်းတူဖြစ်ဖို့အတွက် မကွေးတိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက ပေးပို့ထားပါတယ်။
2017-02-23
မွန်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအပြင် ပူးတွဲတာဝန် ယူထားတဲ့ ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနတွေကပါ နှုတ်ထွက်ခွင့်တင်ထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီကနေပါ နှုတ် ထွက်သွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဒီနေ့ သတင်းမီဒီယာသမားတွေ ကို ပြောလိုက်ခဲ့ပါတယ်။
2017-02-23
ကျောင်းသားများသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ကော်မတီဖဲ့ွဖို့ အစည်းအဝေးကို ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2017-02-23
အစိုးရက ကောက်ယူနေတဲ့ အောင်ဘာလေထီ ရောင်းရငွေရဲ့ အခွန် ၄၀ ရာခိုင်နှုန်းထဲက ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေထီဆုကြေးအဖြစ် ထည့်သွင်းပေးပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုသာ ကောက်ခံသင့်ကြောင်း တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-23
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေပြီး အများပြည်သူလက်မခံတဲ့ နှစ်ရှည် စီမံကိန်းတွေနဲ့၊ ခေတ်အဆက်ဆက် အစိုးရက ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကို ပြန်လည်စိစစ်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-22
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကနေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်း တခု ဖြစ်ပေါ် လာအောင် ဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ချင်းအမျိုး သား နိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင်၊ ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံး က ပြောပါတယ်။
2017-02-22
ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက စိတ်ဝင်စားမှု လျော့နည်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်လောင်း ဦးဝင်းမင်း က ပြောပါတယ်။
2017-02-22
ဒါန-ရှေ့ဆောင်မြန်မာအဖွဲ့ ၊ အောက်ချင်း လူမှုအဖွဲ့အစည်းနဲ့၊ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာ သွားမယ့်အကြောင်း ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-02-20
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ပြည်သူတွေကို အသိပေးလိုက်တဲ့အတွက်၊ ဦးမင်းမင်းဦးနှုတ်ထွက်မှာကို မလိုလားတဲ့ ဘီးလင်းမြို့နယ်က မဲဆန္ဒရှင်တွေ၊ သံဃာတော်တွေအပါအဝင် အင်အားတရာလောက်က ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့မှာ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ မေတ္တာရပ်ခံ တောင်းဆိုကြပါတယ်။
2017-02-20
၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွေကို ချင်းပြည်နယ် ဖလမ်းမြို့၊ ရန်ကုန်မြို့နဲ့ နေပြည်တော်တို့ မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-02-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် ယူနက်စကိုအဖွဲ့ကနေ နည်းပညာ အကူအညီတွေပေးဖို့ ဒေသခံတွေက တောင်းဆို ထားတယ်လို့ သိရပါတယ်။
2017-02-18
ဖေဖော်ဝါရီလ ၁၈ ရက် စနေနေ့ည မေးပါရစေဦး အစီအစဉ်မှာ "မှုခင်းတွေ အကြောင်း " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ) နဲ့ ကိုအောင်မြင့်ကျော် (မှုခင်းသတင်းထောက် - 7Day news Journal ) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-02-18
ရန်ကုန်မြို့မှာ YBS အများပိုင်ယာဉ်လိုင်း စနစ် ပြောင်းလဲခဲ့ပြီးနောက် တလပြည့်အခြေ အနေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီလ ၁၇ရက်နေ့ ကတိုင်းအစိုးရအဖွဲ့ရုံးမှာ ရှင်းပြခဲ့ပါတယ်။