သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-31
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲလာနေပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုတွေအပြင် လုံလောက်တဲ့ အထောက်အပံ့ မရတာ၊ အပြင်ထွက် အလုပ်လုပ်ကိုင်ဖို့လည်း လုံခြုံမှု မရှိတာတွေကြောင့် နေထိုင်စားသောက်ဖို့ ခက်ခဲလာနေတာပါ။
2022-01-31
စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး အစိုးရဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့သူတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲကြားကနေ ရုန်းကန်နေကြရပါတယ်။
2022-01-27
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးသွားတဲ့အတွက် ရန်ကုန်က ဆောက်လုပ်ရေး လုပ်သားတွေ ရခိုင်ပြည်နယ်ကို လာရောက်လုပ်ကိုင်တာတွေ ရှိပါတယ်။
2022-01-26
ဒီပဲယင်းမြို့နယ်က PDF ဂဠုန်တပ်တော်ကို ဦးဆောင်နေသူကတော့ တောင်သူလယ်သမားဘဝကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ဗိုလ်ကျားကြီးပဲ ဖြစ်ပါတယ်။
2022-01-25
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ညမထွက်ရအမိန့်နဲ့ အသွားအလာ ကန့်သတ်မှုတွေကြောင့် မွန်ပြည်နယ်က ရာဘာစိုက်တောင်သူတွေ အခက်အခဲ ကြုံတွေ့လာနေရပါတယ်။
2022-01-24
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို ခရီးအသွားအလာနဲ့ ကုန်တင်ကားတွေ အသွားအလာမရှိတော့ပါဘူး။ ဒီလိုနည်းသွားတာကြောင့် ကားတွေကို မှီခိုပြီး လုပ်ငန်းကိုင်နေရတဲ့ အလုပ်တွေမှာ အခက်အခဲတွေဖြစ်လာပါတယ်။
2022-01-21
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကွတ်ခိုင်မြို့ မသန်စွမ်းဂေဟာက ကလေးငယ် ၂၀ ကျော်အတွက် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဂေဟာတာဝန်ရှိသူတွေက ပြောပါတယ်။
2022-01-18
မဝင်းစန္ဒာအောင်ဟာ တစ်ချိန်က ရန်ကုန်တိုင်း လှိုင်သာယာက အထည်ချုပ် စက်ရုံတစ်ခုမှာ စာရေးမအဖြစ် လုပ်ကိုင်ခဲ့သူပါ။
2022-01-14
စစ်ကောင်စီကို ရရာလက်နက်ကိုင်စွဲပြီး ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေဟာ လူအင်အားများပြားပေမယ့် လက်နက်အင်အား အလုံအလောက် မရှိကြပါဘူး။
2022-01-14
အလွတ်သတင်းထောက် ကိုစစ်ကိုနိုင်ထွန်း ကတော့ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ပြီး PDF တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
2022-01-12
အာဏာသိမ်းထားတဲ့ ၁၁ လ အတွင်းမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ပြည်သူမှန်သမျှကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်း၊ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ပြည်သူပေါင်း မြောက်မြားစွာဟာ ဘေးကင်းရာကို ရှောင်တိမ်းခိုလှုံနေကြရပါတယ်။
2022-01-11
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို လက်မခံဘဲ ရရာလက်နက်နဲ့ အံတုတိုက်ခိုက်နေကြတဲ့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၁၀၀ ကျော်ရှိလာနေပါတယ်။
2022-01-06
နိုင်ငံတစ်ဝှမ်း ဖွင့်လှစ်သင်ကြားနေတဲ့ စာသင်ကျောင်းတွေမှာ ၇၀ ရာခိုင်နှုန်း တက်ရောက်သင်ကြားနေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စာသင်ကျောင်း ၃၇ ကျောင်းကတော့ ဖွင့်လှစ် သင်ကြားနိုင်ခြင်း မရှိသေးပါဘူး။ ကျောင်းတက်သူ ရာခိုင်နှုန်းကလည်း လက်တွေ့မှာ ပြောင်းပြန်အချိုးသာရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
2022-01-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်မှာ စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီ ဘက်က လက်တုံံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး အမြောက်အများဟာ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်ကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။