သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-13
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြပွဲကို တလှည့်စီကျင်းပရာမှာ ဒီနှစ်တော့ မြန်မာနိုင်ငံ မူဆယ်မြို့ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး အတွင်းမှာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်ပြီး ဖွင့်ပွဲကျင်းပခဲ့ပါတယ်။
2018-12-13
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇ဝ ချေးယူမယ့်ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။
2018-12-12
ရိုက်တာသတင်းထောက်၂ ဦး အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးခံရတာဟာ တစ်နှစ်ပြည့်ပြီ ဖြစ်ပြီး သူတို့နှစ်ဦးကို လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက တောင်းဆိုတာတွေလည်း များလာနေပါတယ်။
2018-12-12
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကိုယ်တိုင်ကြုံတွေ့ မြင်သိခံစားရသူတွေအနေနဲ့ သက်သေခံထွက်ဆိုပေးဖို့ ရခိုင်ပြည်နယ်အရေး “လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်” က ဖိတ်ခေါ်လိုက်ပါတယ်။
2018-12-12
စစ်အစိုးရလက်ထက်မှာ ရွှေသင်္ကန်းအဖြစ် ပြောင်းလဲသွားခဲ့တဲ့ စစ်ကိုင်းမြို့က ရာဇမဏိစူဌာ ကောင်းမှုတော်ဘုရားကြီးကို ရှေးယခင်မူအတိုင်း အဖြူရောင်ထုံးသင်္ကန်း ပြန်လည်ကပ်လှူ ပူဇော်တာကို ဒီနေ့ စတင်ခဲ့ပါတယ်။
2018-12-12
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
2018-12-12
စစ်ပြေးဒုက္ခသည်တွေအရေး ဦးဆောင်ဆန္ဒပြခဲ့တဲ့ အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့သုံးဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒုက္ခသည်တွေ၊ လူငယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ စုစုပေါင်း အင်အား ၆ ထောင်လောက် မြစ်ကြီးနားမြို့မှာ ဒီနေ့ဆန္ဒပြခဲ့ပါတယ်။
2018-12-12
ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး တွဲလက်များဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးကနေ ထွက်ခွာလာတဲ့ ငြိမ်းချမ်းရေးသင်္ဘောဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိတာဖြစ်ပါတယ်။
2018-12-11
အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်ကို မပယ်ဖျက်ရင် ဆန့်ကျင်ကန့်ကွက်မှုတွေ အရှိန်မြင့်ပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာ့အမျိုးသားရေးကွန်ရက်က ပြောလိုက်ပါတယ်။
2018-12-10
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ (၁၉) နဲ့ တရားစွဲဆိုခံရတဲ့ မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နဲ့ ကိုဆိုင်းခွမ်အောင်တို့ သုံးဦးအမှုကို ဒီနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပြီး အာမခံပေးလိုက်ပါတယ်။
2018-12-10
ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုငွေသန်း ၇ဝ ချေးယူမယ့်ကိစ္စကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီနေ့ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2018-12-10
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို ဒီနေ့အချိန်အထိ အမျိုးသမီးတွေ ခံစားနေကြရတာကြောင့် စစ်ပွဲတွေရပ်တန့်ဖို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2018-12-08
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်က ကချင်ရွာတစ်ရွာဖြစ်တဲ့ ဘန့်မိုင်ဆာမာ့ခီးရွာမှာတော့ ပြည်တွင်း၊ ပြည်ပက ကချင်တိုင်းရင်းသားတွေ စုပေါင်းပြီး ကချင် မနောပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့အကြောင်း ကြည့်ရှုနိုင်ပါတယ်။
2018-12-08
သမ္မတရုံးက နှစ်ပတ်တစ်ကြိမ် ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာမယ့်အခြေအနေ၊ ကချင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ အခက်အခဲ၊ သာသနာရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။
2018-12-08
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်တောပြုန်းတီးမှုတွေကို ကာကွယ်ဖို့ စီမံကိန်းချမှတ်လုပ်ဆောင်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့ နယ်မြေတွေမှာတော့ သစ်တောပြုန်းတီးမှု တာဆီးရေးဟာ အောင်မြင်မှုမရှိသေးပါဘူး။