သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-24
မြန်မာနိုင်ငံမှာ တီဘီရောဂါ ဝေဒနာရှင် အရေအတွက် သုံးသိန်းနီးပါးရှိပြီး၊ နှစ်စဉ်လည်း ဆေးယဉ်ပါးတီဘီ ဝေဒနာရှင် အရေအတွက် ၉ ထောင်နီးပါးအထိ တိုးလာနေတယ်လို့ MSF (ခေါ်) နယ်စည်း မခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။ MSF အဖွဲ့၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူပေါင်းပြီး မနေ့က ရန်ကုန်အင်းလျားလိတ်ဟိုတယ်မှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တီဘီဝေဒနာရှင်တစ်ဦးကို ကျမတို့ အဖွဲ့သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-24
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ "မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့" က ကိုသက်ဆွေဝင်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထား ပါတယ်။
2013-08-24
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်မှာ အခုနှစ် မိုးများတဲ့အတွက် အာလူး၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ကြက်သွန် အနီအဖြူ စတာတွေ အထွက်နှုန်း သိသိသာသာကျဆင်းနေတယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-08-23
မကွေးတိုင်း ငါးဖဲမြို့နယ်၊ တောက်တဲ့တောင်ခြေက ဆင်စခန်းမှာ သစ်ထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေအကြောင်း ဆောင်းပါးတစ်ပုဒ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-08-23
သြဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းနားကို ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ မနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်
2013-08-23
မစ္စတာ ကင်တားနားရဲ့ ၁ဝ ရက်ကြာ ခရီးစဉ်အပြီး မြန်မာနိုင်ငံက မထွက်ခွာခင် မင်္ဂလာဒုံလေဆိပ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2013-08-23
မြန်မာနိုင်ငံမှာ သမရိုးကျဆေးဝါးနဲ့ ကုသလို့မရတဲ့ ဆေးယဉ်ပါး တီဘီဝေဒနာရှင် အရေအတွက်ဟာ နှစ်စဉ် ကိုးထောင်နီးပါးအထိ တိုးလာနေတယ်လို့ MSF (ခေါ်) "နယ်စည်းမခြား ဆရာဝန်များအဖွဲ့" ရဲ့ နိုင်ငံတကာဥက္ကဋ္ဌ ဒေါက်တာ Unni Karunakara က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။ MSF ရဲ့ နိုင်ငံတကာ ဥက္ကဋ္ဌ Dr. Unni Karunakara ကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-23
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ "ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့" က ဦးဂွမ်တောင်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-22
ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးက မြို့အတော်များများမှာ ဒီနေ့ကျင်းပခဲ့ကြပါတယ်။ မြဝတီမြို့မှာကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားအကြောင်းကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-22
ကယားပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သစ်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့ရာက အခုဆိုရင် သစ်တောပြုန်းတီးမှုဟာ စိုးရိမ်စရာအခြေအနေကို ရောက်နေပြီလို့သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-08-22
ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးက မြို့အတော်များများမှာ ဒီနေ့ကျင်းပခဲ့ကြပါတယ်။ မြဝတီမြို့မှာကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားအကြောင်းကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-22
မြန်မာဗီဒီယိုနဲ့ ရုပ်ရှင် စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတဲ့ အကြောင်းအရာအစုံကို တင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ထုတ်လွှင့်ပေးမှာပါ။ ရုပ်ရှင်နဲ့ ဗီဒီယိုလုပ်ငန်းရှင်တွေကို တွေ့ဆုံမေးမြန်းပြီး RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။
2013-08-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာတဲ့ ထန်းတပင်မြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ သြဂုတ်လ ၂၀ ရက် ဒီနေ့တွေ့ဆုံပြီး စကားပြောခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-08-21
အနာဂတ်မှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေမဖြစ်ရအောင် ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-08-21
ကယားပြည်နယ်မှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကိုပြန်ပေးဖို့ ပြည်ထောင်စုအစိုးရရဲ့ညွှန်ကြားချက် မရရှိသေးတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။