“ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့” က ဦးဂွမ်တောင် နဲ့ တွေ့ဆုံမေးမြန်းခန်း
2013.08.23
မတူကွဲပြားတဲ့လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ "ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့" က ဦးဂွမ်တောင်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။