သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-13
လားရှိုးမြို့မှာ မိုးရာသီအတွင်း မိုးသည်းထန်တိုင်း အမှတ်-၉ ရပ်ကွက် အရှေ့ခါးရိုးကျောင်းတိုက် အနီး တဝိုက်က နေအိမ်တချို့ နှစ်စဉ် ရေနစ်မြုပ်နေပါတယ်။
2017-07-13
အစိုးရအကူးအပြောင်းမှာ စာရင်းပျောက်နေတဲ့ မကွေးတိုင်းအစိုးရရန်ပုံငွေ ကျပ်သန်း ၇ ထောင်ကျော်ထဲက သန်း ၃ ထောင်ကျော်ကို တိုင်းဝန်ကြီး ချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစား ငွေချေးအသင်းက ဇူလိုင်လကုန် နောက်ဆုံးထားပြီး လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
2017-07-13
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ လွှတ်တော် ညွှန်ကြားရေးမှူးတွေကို ကန်တော့ဖို့ဆိုပြီး ဝန်ထမ်းအသစ်တွေဆီကနေ လွှတ်တော်ဦးစီးမှူးက ငွေကျပ်သုံးသိန်း တောင်းယူခဲ့တဲ့ကိစ္စကို ဒီကနေ့ ပြည်နယ်လွှတ်တော်ကော်မတီက စစ်ဆေးခဲ့ပါတယ်။
2017-07-13
အမျိုးသားလွှတ်တော်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို အများပြည်သူပါဝင်တဲ့ အကြံပြုဆွေးနွေးမှုတွေ လုံလုံလောက်လောက် လုပ်ဆောင်ပြီးမှ အတည်ပြုပြဋ္ဌာန်းဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၂ ခုနဲ့ ဖွဲ့စည်းထားတဲ့ "ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပုဒ်မ ၆၆-ဃ ဖျက်သိမ်းရေးလှုပ်ရှားမှု" ပူးပေါင်းအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2017-07-13
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၃ရက်နေ့မှာ အမျိုးသားလွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။
2017-07-13
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သ မားတွေရဲ့ လတ်တလောအခြေအနေနဲ့ ပတ်သက် ပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက "မြန်မာ -ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်" ရုံးမှာ မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီက ဒီကနေ့ သတင်းစာရှင်းလင်း ပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2017-07-12
ဒီမိုကရေစီ နိုင်ငံတွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။ အဲဒီလို ပြောတဲ့အတွက် ဝန်ကြီးချုပ် ကို အရေးယူပေးဖို့ တပ်မတော်ဘက်က အစိုးရကို တင်ပြထားပါတယ်။
2017-07-12
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမမှာ စစ်တွေမြို့မိမြို့ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2017-07-12
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇူလိုင်လ ၁၂ရက်နေ့မှာ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကိုသွားရောက်ခဲ့ပြီး ဒေသခံရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။
2017-07-12
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော်အကြား ၂ဝ၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည် ၇ ရာဝန်းကျင်ကို ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာမှာ နေရာချပေးထားပါတယ်။
2017-07-12
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို မနေ့က အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားပြီး အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကြားနာပွဲတွေ ပြုလုပ်သွား မယ်လို့ သိရပါတယ်။
2017-07-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုင်းရင်းသားတွေအတွက် အာမ,ခံချက်ပေးနိုင်မယ့် ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ အစီအမံတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုကို အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်အစိုးရအဖွဲ့က ပြောလိုက်ပါတယ်။
2017-07-10
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ အရပ် ဘက် လူမှုအဖွဲ့အစည်း ၂၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ "ပုဒ်မ ၆၆-ဃ ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေးဥ ပဒေ ပြင်ဆင်ရေး" ပူးပေါင်းကော်မတီတို့ ရန်ကုန် မြို့က ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ရုံးမှာ ဒီနေ့နေ့လည်ပိုင်း က တွေ့ဆုံခဲ့ပါတယ်။
2017-07-10
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတော်သမ္မတအဖြစ် တင်မြောက်ခဲ့တဲ့ ဦးထင်ကျော်ဟာ သမ္မတတာဝန် ထမ်းဆောင်လာတာ တနှစ်ခွဲနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။
2017-07-10
ဒီမိုကရေစီခေတ်မှာ "မလုပ် မရှုပ် မပြုတ်" တွေးခေါ်တဲ့ဝန်ထမ်းတွေအတွက် နေရာမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၀ရက်နေ့က ပြောလိုက်ပါတယ်။