သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-10
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးနေတာ ပြီးဆုံးသွားပြီမို့ တရားခံတွေကို စွဲချက်တင်လိုက်ပါပြီ။
2018-04-10
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် YBS ယာဉ်လိုင်းမှာ ခရီးစဉ်အစနဲ့အဆုံး ၂ဝဝ ကျပ်အဖြစ် လက်ရှိကောက်ခံနေတဲ့ နှုန်းထားကို တိုးမြှင့်သတ်မှတ်ပေးဖို့ ယာဉ်ပိုင်ရှင်တချို့က လိုလားနေကြပါတယ်။
2018-04-10
လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ သတင်းရယူခွင့် ကန့်သတ်ထားတာတွေ ရှိသလို၊ သတင်းမီဒီယာသမားတွေကို တရားစွဲဆို ဖမ်းဆီးတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
2018-04-10
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့မတ်လအတွင်း RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ- ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာမှုကြောင့် သီပေါမြို့ပေါ်ကို ထွက်ပြေးတမ်းရှောင်နေရတဲ့ဒေသခံ တစ်ထောင်ကျော် ရှိနေပါတယ်။
2018-04-10
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်က သိမ်းဆည်းခဲ့တဲ့ နေပြည်တော်ကောင်စီအတွင်းက လယ်ယာမြေတွေအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို နေပြည်တော် စည်ပင်သာယာရေးကော်မတီမှာ ဧပြီလ ၉ ရက်နေ့ကကျင်းပခဲ့ပါတယ်။
2018-04-10
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ၂ဝ၁၈ ဧပြီလ ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကနေ ဗဟိုလူငယ်ဦးဆောင်အဖွဲ့၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တွေကို ရွေးချယ်တင်မြှောက်ပြီး တာန်တွေ ခွဲဝေခဲ့ကြပါတယ်။
2018-04-07
ဧပြီလ ၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့်သူတွေက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ တွဲဖက် အတွင်းရေးမှူး (၂) မော်ဒေးမြာ ၊ UNITY ဂျာနယ်ရဲ့ အယ်ဒီတာချုပ်နဲ့ CEO ဦးတင်ဆန်းနဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်း ကိုထက်အောင်လင်း တို့ ဖြစ်ပါတယ်။
2018-04-07
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုပြီးသွားပေမယ့် လက်ရှိအချိန်အထိတော့ တစ်စုံတရာ ထူးခြားတိုးတက်မှု မရှိသေးပါဘူး။
2018-04-05
ဧပြီလ ၁ဝ ရက်နေ့ကစပြီး ဟူးကောင်းခရိုင်အတွင်း မှာ ပြောက်ကျားစစ်ဆင်ရေးနဲ့ မိုင်းစစ်ဆင်ရေး ပြုလုပ်မှာဖြစ်တဲ့အတွက် ရွှေနဲ့ပယင်းလုပ်ကိုင်နေ သူတွေ ထွက်ခွာကြ ဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်က ဧပြီလ ၅ ရက်နေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
2018-04-05
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁ဝ သန်းနီးပါးနဲ့၊ “အိုက်စ်” မူးယစ်ဆေးဝါး ၈ ရာ ကီလိုဂရမ်လောက် ဖမ်းဆီးမိခဲ့ပါတယ်။
2018-04-05
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က သူတို့ဟာ သတင်းသမားအလုပ်ကိုသာ လုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်ကို သစ္စာမဖောက်ခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့က တရားရုံးထုတ်မှာ ပြောပါတယ်။
2018-04-04
ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မလေးရှားခရီးစဉ် ဝန်ကြီး ဦးဝင်းမြတ်အေးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်
2018-04-04
တောင်ငူလေတပ်စခန်းက F-7 တိုက်လေယာဉ် တောင်ငူမြို့နယ် ကျွန်းကုန်းရွာအနီးမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ပျက်ကျရာ လေယာဉ်မှူးလည်း သေဆုံးခဲ့ပါတယ်။
2018-04-03
မြန်မာနိုင်ငံတွင်းကို ပြည်ပက စားအုန်းဆီတွေ တင်သွင်းနေတာ ဆယ်စုနှစ်သုံးခုလောက် ရှိနေပါပြီ။ ပြည်ပစားအုန်းဆီ သုံးစွဲမှုများလာတဲ့အတွက် ပြည်တွင်းဆီစက် အတော်များများ လုပ်ငန်းရပ်ဆိုင်း သွားတာတွေ ရှိနေပါတယ်။
2018-04-03
ဧပြီလ ၁ ရက်နေ့က မြောင်းမြကြိုးတံတား ဆိုင်းကြိုးပြတ်ပြီး ကျိုးကျခဲ့ပါတယ်။ ဒီတံတားကို ၁၉၉၄ ခုနှစ် နဝတ စစ်အစိုးရလက်ထက်မှာ တည်ဆောက်ခဲ့ပြီး၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။