သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-17
ရန်ကုန်မြို့ မြေနီကုန်း ခုံးကျော်တံတားအောက်မှာ အများပြည်သူတွေ အပန်းဖြေနားနေဖို့အတွက် အားကစားကွင်းနဲ့ အပန်းဖြေစရာနေရာ ထည့်သွင်း ထားတဲ့ နေရာတစ်ခုကို ရန်ကုန်တိုင်းအစိုးရနဲ့ ပြင်သစ်ယဉ်ကျေးမူဌာန တို့ ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်။
2016-12-15
မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော် က ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဥပဒေအရ ပေး အပ်တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအပေါ် ကန့်သတ် မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းကြောင်းအရေးကြီး အဆိုကို မွန်ပြည်နယ်လွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ပါတယ်။
2016-12-15
ပြင်ဦးလွင်မြို့က အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်ကနေ ၃၁ ရက်နေ့အထိ ပြသနေပြီဖြစ်ပါတယ်။
2016-12-15
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA ရဲ့ နှစ်ရှည်ချေးငွေနဲ့ ကျပ်ငွေသန်းပေါင်း ၆ ထောင် ကုန်ကျမယ့် ရေပေးဝေးစီမံကိန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က စတင်အကောင် အထည်ဖော်နေပါတယ်။
2016-12-15
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ မကြာခင်ဆောက်လုပ်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေမှာ ပူူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးရှိန်ဝင်းက ပြောပါတယ်။
2016-12-15
ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး ၂ ဦး ဦးဆောင်ပြီး တည်ထောင်ခဲ့တဲ့ မြန်မာ-အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ MICA ကိုဖျက်သိမ်းဖို့အဆိုကို ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်-၇ က နော်ခရစ္စထွန်း-ခေါ် ဒေါက် တာအားကာမိုးက အမျိုးသားလွှတ်တော်မှာ ဒီဇင်ဘာလ (၁၄) ရက်နေ့ ဒီနေ့တင်သွင်းရာမှာ လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြု လိုက်ပါတယ်။
2016-12-15
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ ကော်မရှင်က မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီး လူနည်းစုတွေ ဖိနှိပ်ခံနေရကြောင်း ဖော်ပြထားတဲ့ အစီရင်ခံစာ ၂ စောင်ကို ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2016-12-15
မွန်ပြည်နယ် အစိုးရအဖွဲ့သစ်က ပထမခြောက်လအတွင်း ပြည်နယ်ထဲမှာ ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထံ ဒီဇင်ဘာလ ၁၄ရက်နေ့က အစီရင်ခံစာတင်သွင်းရာ လက်တွေ့အောက်ခြေမှာ ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ အစီရင်ခံပါအချက်တွေ ကွဲလွဲချက်တွေရှိနေတယ်ဆိုပြီး ကိုယ်စားလှယ်တွေက ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။
2016-12-15
နိုင်ငံတဝှမ်းမှာရှိနေတဲ့ တရားမဝင်လောင်းကစားမှုတွေကို ထိထိရောက်ရောက် ဟန့်တားအရေးယူ ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်စားလှယ် ၁ဝ ဦးက ထောက်ခံ ဆွေးနွေးပြီး၊ ဒီကိစ္စ မှတ်တမ်းတင်စောင့်ကြည်ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2016-12-14
ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားခွင့်ပြုဖို့ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောလိုက်ပါတယ်။
2016-12-14
ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လွတ် လပ်လပ် သွားခွင့်ပြုမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း က ပြောလိုက်ပါတယ်။
2016-12-14
မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည်ရေးကော်မတီက တင်သွင်းတဲ့ ကျိုက်မရောမြို့နယ် က မော်လမြိုင် ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်နယ် လွှတ်တော်မှာ ဒီဇင်ဘာလ (၁၃) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပြီး နိုင်ငံတော် သမ္မတကို ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-12-14
ရခိုင်ပြည်နယ်အတွက် လာမယ့်ဘဏ္ဍာရေးနှစ်မှာ သုံးစွဲဖို့ အတည်ပြုထားတဲ့ ကျပ်ငွေ ၁၄၂ ဘီလီလျံဟာ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ဖို့ နည်းပါးတာကြောင့် အစိုးရအနေနဲ့ ဘဏ္ဍာငွေတွေကို တိုးမြှင့်ပေးသင့်တယ်လို့ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2016-12-14
မြန်မာနိုင်ငံတစ်ဝှမ်းက အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ကျောက်မီးသွေးစီမံကိန်းတွေကို ရပ်ဆိုင်းပေး ဖို့ ရေကာတာနဲ့ ကျောက်မီးသွေးဆန့်ကျင်လှုပ်ရှား တဲ့ အရပ်ဖက်အဖွဲ့တွေ စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။
2016-12-14
၂ဝ၁၆- ၂ဝ၁၇ ခုနှစ်အတွက် ပြည်ထောင်စုအစိုးရရဲ့ ထပ်တိုးတောင်းခံငွေ ကျပ် ဘီလီယံ ၁၃ဝဝ ကျော်ထဲက ကျပ်ဘီလီယံ ၆ဝ ကျော်ကို ပြည်ထောင်စုလွှတ်တော် က ဖြတ်တောက်လိုက်ပါတယ်။