သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-06
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ရာနီးပါးဟာ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုချက် ၉ ချက် ရရှိဖို့အတွက် နိုဝင်ဘာလကုန်လောက် ကတည်းက ထိုင်သပိတ်ဆင်နွှဲပြီး ဆန္ဒပြ တောင်းဆို နေကြပါတယ်။
2017-12-04
ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း... စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု၊ နယ်မြေမတည်ငြိမ်မှု... စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး သီလရှင်ဘဝနဲ့ ရပ်တည်နေကြတဲ့ ဒေသခံ တိုင်းရင်းသား အမျိုးသမီးငယ် အတော်များများ ရှိနေပါတယ်။
2017-12-04
မြန်မာနိုင်ငံမှာ "မိုးလေဝသ" ပညာရပ်နဲ့ ပတ်သက်လာရင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပြေးပြီး သတိရမိကြမယ် ထင်ပါတယ်။
2017-12-03
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ပြည်သူလူထုအခြေပြုအဖြစ် ရပ်ကွက်ကျေးရွာတွေထဲမှာ ဘေးအန္တရာယ်မဖြစ်အောင် စတင် ထိုးနှံပေးတော့မယ့်အကြောင်း ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2017-12-03
ဒီဇင်ဘာလ ၂ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ပုဂံရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လိုလက်ဆင့်ကမ်းကြမလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်ဥမ္မာမျိုး ( Program Officer UNESCO ) နဲ့ ဦးမျိုးဆွေသန်း (Designer) တို့က ပင်တိုင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
2017-12-01
မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင်ထုတ်ပြန်ထားတဲ့ "တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး" ရှိမရှိအငြင်းပွားနေတဲ့ ကိစ္စကို လွှတ်တော်ကိုတင်ပြပြီး အတည်ပြု ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
2017-11-30
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဗာတီကန်နန်းတော်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Gerg Burk က ဦးဆောင်ပြီး ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2017-11-30
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ရွှေတူးဖော်ထုတ်လုပ်မှုကို အစိုးရက ဆိုင်းငံ့ထားတာကြောင့် ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်အပါအဝင် ဝန်ထမ်း ၅၀၀ လောက်က ရမည်းသင်း မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2017-11-30
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံ မွတ်စလင်တွေ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ရသေ့တောင်မြို့နယ်မှာ အခြားဒေသမှာ နေထိုင်သူတွေက လာရောက်အခြေချဖို့ ကြိုးပမ်းလာတာတွေ ရှိလာနေပါတယ်။
2017-11-30
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နဲ့အတူ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင် ၂ သိန်းနီးပါးဟာ ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကစံအားကစားကွင်းမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
2017-11-30
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ဆောက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-29
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ လယ်ယာမြေတွေကို အချိန်မီ ရိတ်သိမ်းနိုင်ဖို့ အခက်အခဲ တွေ့နေကြပါတယ်။
2017-11-29
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော်ကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-29
လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ပြင်ဆင်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံခြားသား သတင်းသမား ၂ ဦး နဲ့ မြန်မာနိုင်ငံသား ၂ ဦးကို နိုဝင်ဘာလ ၁ဝ ရက်နေ့က မောင်းသူမဲ့ ဒရုန်းအတွက် ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ပါတယ်။
2017-11-28
ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ ၄ ရက်တာ ကြာမြင့်မယ့် သမိုင်းဝင်ခရီးစဉ်အဖြစ်၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။