သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-05
သစ်ပင်တွေ ဆုံးရှုံးတာကို ပြန်ကုစားပေးတဲ့အနေနဲ့ သစ်ပင်တစ်ပင် ခုတ်လှဲပြီးတိုင်း အိမ်ရှင်ရဲ့ ခွင့်ပြုချက်ယူပြီး နောက်ထပ် သီးပင်စားပင် သုံးပင် ပြန်စိုက်ပေးတဲ့အလေ့အထကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက သူ အမြဲလုပ်ကိုင်လာတယ်လို့လည်း ပြောပါတယ်။
2022-10-04
လက်နက်ကိုင် ခုခံမှုအားကောင်းပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျည်စတချို့ ဦးခေါင်းခွံထဲ စိုက်ဝင်နေတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ငွေကြေး မတတ်နိုင်တာကြောင့် သုံးလကြာတဲ့အထိ မခွဲစိတ်နိုင်ဘဲ ဝေဒနာပိုဆိုးလာတယ်လို့ မိဘတွေက ပြောပါတယ်။
2022-10-03
ဝမ်းနည်းစရာကောင်းတဲ့ ဒီမြင်ကွင်းဟာ မူးယစ်ဆေးဝါးသားကောင်ဖြစ်နေတဲ့ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်ကို မိဘတွေကိုယ်တိုင် လက်ပြန်ကြိုးတုပ်ပြီး မူးယစ်ဆေးဖြတ်ဖို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာရှိတဲ့ ကောင်းသောရှမာရိ လူငယ်သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇွန်လက ပို့ဆောင်ခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။
2022-10-01
စစ်ကိုင်းတိုင်း၊ တမူးမြို့ (၄) မိုင်ဂိတ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တမူး ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ စက်တင်ဘာလ ၁၉ ရက်တိုက်ပွဲမှာ Burmese Students Organization (B.S.O) ကျောင်းသား တပ်ဖွဲ့က ၁၀ တန်းကျောင်းသား မောင်အာကာထက် ကျဆုံးခဲ့ပါတယ်။
2022-09-30
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အနောက် အင်ဒိုင်းကျေးရွာမှာရှိတဲ့ တိုင်းရင်းသားမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်လှုဒါန်းသူ နည်းပါးပြီး ကလေးတွေအတွက် ပညာရေးနဲ့ စားဝတ်နေရေးကအစ ခက်ခဲနေတယ်လို့ ကျောင်းတည်ထောင်သူ ဦးဆောင်ဆရာတော် ဦးသေဋ္ဌိလက မိန့်ပါတယ်။
2022-09-29
ဒေါင်းဆင်ဒရုန်း (Down Syndrome) ခေါ် ဉာဏ်ရည်ပိုင်းဖွံ့ဖြိုးမှု အားနည်းတဲ့ရောဂါ ခံစားနေရသူတွေဟာ လက်ရှိ နေ့စဉ်လူမှုဘဝထဲမှာ သာမန်လူတွေလိုပဲ သွားလာလှုပ်ရှားနိုင်နေကြသလို ပန်းချီဆွဲတာနဲ့ အခြားသော လက်မှုလုပ်ငန်းတွေမှာပါ လုပ်ဆောင်လာနိုင်ကြပါပြီ။
2022-09-28
တောင်တန်းနဲ့ သဘာဝသစ်တောကြီးတွေ တည်ရှိတဲ့ ရှမ်းပြည်နယ်၊ တောဇီးပင်တွေ ပေါများတဲ့ မြန်မာပြည် အလယ်ပိုင်းက ပျားမွေးမြူရေးလုပ်ကိုင်သူတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် အခုချိန်မှာ လုပ်ငန်းတွင်ကျယ်အောင် မလုပ်နိုင်တော့ဘဲ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။
2022-09-27
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား တွေ မရှိသလောက်ဖြစ်နေပြီး၊ သူတို့ကိုအားကိုးနေရတဲ့ မွန်ပြည်နယ် ဘီလူးကျွန်းက ရိုးရားလက်မှုလုပ်ငန်းတွေလည်း အရောင်းအဝယ်မဖြစ်ဘဲ စားဝတ်နေရေးပါ ခက်ခဲလာနေကြပါတယ်။
2022-09-22
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းနားမှာ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်နေကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ငါးစာ ဝယ်မရတာ၊ ငါးတွေရောင်းရမယ့်အရွယ် မရောက်လို့ အရောင်းအဝယ် လုပ်မရတာ စတဲ့ အခက်အခဲတွေ ကြုံနေရပါတယ်။
2022-09-21
နေထိုင်ရေးအတွက် အဆင်ပြေပေမယ့် စားနပ်ရိက္ခာအတွက် ပြင်ပအလှူရှင်တွေနဲ့ အလှမ်းဝေးနေတာကြောင့် အခက်အခဲဖြစ်နေကြရတာလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
2022-09-19
စစ်တပ်ကအာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို နိုင်ငံတစ်ဝန်း ကြုံနေရချိန် ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေရဲ့ စားဝတ်နေရေးဟာလည်း ပိုပြီးခက်ခဲကျပ်တည်းလာကြပါတယ်။
2022-09-15
စုန်းတူ ချင်းလူမျိုး မဂျူလီယာဟာ သဘာဝသစ်ရွက်တွေ၊ ပန်းပွင့်တွေကို သုံးပြီး ချည်ထည်စပေါ် မှာ ပုံရိပ် ထင်အောင် ဒီဇိုင်းအလှဖော်တဲ့ပညာကို မျှဝေနေသူ ဖြစ်သလို ကိုယ်တိုင်လည်း ထုတ်လုပ်နေတာပါ။
2022-09-14
သူ့အမည်က မစံပယ်။ အသက်က ၃၂ နှစ်ပါ။ သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေး သုံးယောက် ရှိပါတယ်။ အငယ်ဆုံးကလေးကို ကိုယ်ဝန်ခုနစ်လလွယ်ထားရချိန်မှာပဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတာကြောင့် အခုလို ခေတ်ကျပ်ကြီးထဲမှာ ကလေးသုံးယောက် ဝမ်းရေးအတွက် တစ်ကိုယ်တည်း ရုန်းကန်ရှာဖွေ ကျွေးမွေးရပါတယ်။
2022-09-09
ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားအများအပြားက သူတို့ ပင်ပင်ပန်းပန်း ရှာဖွေရရှိတဲ့ လစာဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရကို လစဉ်ထောက်ပံ့လှူဒါန်းနေကြပါတယ်။
2022-09-08
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေက စပါးတောင်ယာတွေကို ကြွက်တွေ ဝင်ရောက် ဖျက်ဆီးနေတာကြောင့် နောက်နှစ်တွေ အစားအစာငတ်မွတ် ခေါင်းပါးမှု (ယူလီခူး) ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရပါတယ်။