သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ် ဒီမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေကို စက်တင်ဘာလ ၁ဝ ရက်နေ့က သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
2015-09-10
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် North Shore Group အထည်ချုပ်စက်ရုံမှာ အနိမ့်ဆုံးလုပ်ခလစာရရှိရေး တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ၂ဝဝ ကျော်ကို ကြိုတင်အသိပေးတာမရှိဘဲ စက်တင်ဘာ ၉ ရက်နေ့က အလုပ်ကနေထုတ်ပယ်လိုက်ပါတယ်။
2015-09-10
တိုင်းရင်းသားခေါင်းဆောင်တွေဘက်က တစ်နိုင်ငံ လုံးအတိုင်းအတာအရ အပစ်ခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး ကို တောင်းဆိုခဲ့ပေမယ့် နိုင်ငံတော်သမ္မတက သူတို့ ကမ်းလှမ်းထားတဲ့ ၁၅ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးဖို့ အတွက် ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
2015-09-10
တပ်မတော်က အငြိမ်းစားယူထားသူ အရာရှိ ၂၀ လောက်ကို ပြည်ထောင်စုတရားလွှတ်တော် ရုံးချုပ်မှာ လွှဲပြောင်း ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
2015-09-10
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာညိုညိုသင်းဟာ ရန်ကုန်မြို့ဗဟန်းမြို့နယ်မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
2015-09-10
အခုဆက်ပြီး သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်နဲ့ တွေ့ဆုံ မေးမြန်းချက်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။
2015-09-10
လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လွတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီဗဟိုက ရှမ်းတောင်ပိုင်း ပင်လုံမြို့မှာ မဲဆွယ်စည်းရုံးရေး သင်တန်းပေးနေပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူ ကတင်ပြထားပါတယ်။
2015-09-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတွေဟာ စက်တင်ဘာလ ၉ ရက်နေ့က မဲဆွယ်စည်းရုံးတာကို စတင်လုပ်ဆောင်နေကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
2015-09-09
၂၀၁၅ ရွေးကောက်ပွဲမှာ သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲထက် ပိုပြီးလွတ်လပ်ခွင့်တွေ အပြည့်အဝရှိမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီး ဦးရဲထွဋ် ကပြောပါတယ်၊
2015-09-09
မကွေးတိုင်းက မြို့နယ် ၃ ခုမှာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ စည်းရုံးရေး စတင်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။
2015-09-09
တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ စက်တင်ဘာလ ၈ ရက်နေ့က ရုံးထုတ်ပါတယ်။
2015-09-09
ဒုတိယသမ္မတ ဒေါက်တာစိုင်မောက်ခမ်း အပါအဝင် ကြံခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၄ ဦးဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-09
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ညိုညိုသင်းဟာ ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းကို ဗဟန်းမြို့နယ်မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2015-09-09
နေပြည်တော်ကောင်စီနယ်မြေမှာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ နေပြည်တော်မြို့နယ်အချို့မှာ စက်တင်ဘာလ ၈ ရက် ဒီနေ့မဲဆွယ်စည်းရုံးမှုတွေ စတင်လိုက်ပါတယ်။
2015-09-08
အရပ်ဘက်အဖွဲ့အစည်း ၃ဝ ကျော်ပူးပေါင်း ပြီး ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားအမြင် ဖလှယ်ပွဲကို ဒီနေ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းပေါ်က မင်္ဂလာရာမပါဠိတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။