သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-05
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီ ပွန်ကျောက်စိမ်းမှော်မှာ ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ရေ မဆေးကျောက်ရှာဖွေသူတွေ ကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့နဲ့ မထွက်ခွာရင် အင်အားသုံးဖယ်ရှားမယ်လို့ ရဲတပ်ဖွဲ့က ကြေညာ ထားပါတယ်။
2017-06-05
ရန်ကုန်မြို့တွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်က ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်လောက်မှာ ပျက်စီးမှုတွေ ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
2017-06-05
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဟာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ချိုးဖောက်နေတယ်လို့ သတင်းမီဒီယာ သမားတွေက ဝေဖန်နေကြပါတယ်။
2017-06-05
ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့ အများစု ရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာ လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်ရာမှာ အားနည်းတယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
2017-06-03
ဇွန်လ ၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" ဝန်ထမ်းများနဲ့ အဂတိလိုက်စားမှု၊ ဘယ်လိုဖြေ ရှင်းနိုင်မလဲ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသန်းနိုင်ဦး (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) က ပင်တိုင်ဆွေးနွေးမှာ ဖြစ် ပါတယ်။
2017-06-03
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်း တို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပေမယ့်၊ ဒီအမှုမှာပါဝင် ပတ်သက်တဲ့ တရားခံတဦး ဖမ်းဆီး ရမိတာ မရှိသေးတဲ့အတွက် အမှုကို မစစ်ဆေးခဲ့ပါဘူး။
2017-06-02
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိဦးတင်ထွန်းကို မြေဂရန်ပြန်ရဖို့အတွက် လာဘ်ငွေ ပေးခဲ့ရတယ်ဆိုပြီး ဦးမိုက်ကယ်ကျော်မြင့်ဆိုသူက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-06-02
ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းခံထားရတဲ့ မြေနေရာတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အများဆုံး သိမ်းယူခဲ့တာလို့ ရန်ကုန်တိုင်း-လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက ဇွန်လ (၁) ရက်နေ့ မနေ့ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2017-06-02
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်-၅ အထက်တန်းကျောင်းခွဲကို ကျောင်းပြောင်းအပ်နှံရာမှာ လက်မခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးကို တိုင်ကြားထားပါတယ်။
2017-06-02
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2017-06-01
"နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ" ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်တာဟာ ခွဲထွက်ချင်တာ မဟုတ်ဘူးလို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီး ပြောလိုက်ပါတယ်။
2017-06-01
ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်းမှာ မိုရာဆိုက်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့တာတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ စစ်တွေမြို့မှာ ဇွန်လ (၁) ရက်နေ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-06-01
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားသူဆိုသူ ၄ ဦးကို ကမာရွတ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2017-06-01
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်ဒေသမှာ တရားမဝင် ရွှေတူးဖော်ထုတ်လုပ်နေတာတွေကို အရေးယူပေးဖို့ရှိမရှိကို မေလ ၃၁ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မိုးညှင်းမြို့နယ် NLD လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန်းစန်းအိ က မေးမြန်းခဲ့ပါတယ်။
2017-06-01
ကချင်ပြည်နယ်မှာ ပုဂ္ဂလိကနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ မြေယာတွေကို "လယ်ယာမြေနဲ့ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ" အရ နိုင်ငံပိုင်အဖြစ် ပြန်လည်စိစစ် သိမ်းယူပြီး မြေယာမဲ့တောင်သူတွေကို လုပ်ကိုင်ခွင့်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။