သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌရုံးမှာ သတင်းစာရှင်းလင်းပဲွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-04-10
သမ္မတဦးသိန်းစိန်ဟာ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ အပါအဝင် ခေါင်းဆောင် ၄၂ ဦးကို နေပြည်တော် သမ္မတအိမ်တော်မှာ ဧပြီ်လ ၈ ရက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဆွေးနွေးတဲ့အကြောင်းအရာတွေကို ရှင်းပြခဲ့ပါတယ်။
2015-04-10
မြန်မာသက္ကရာဇ် ၁၃၇၆ ခု၊ နှစ်သစ်ကူး အတာသြင်္ကန်အတွက် မန္တလေးမြို့မှာ ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ မန္တလေး ကျုံးဘေးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင် ဒီနှစ်မှာ ရေကစားမဏ္ဍပ် တချို့ကိုသာ ဆောက်လုပ်ခွင့် ပြုထားပါတယ်။
2015-04-10
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခနဲ့ သံဃာ ၁၅ ပါးဟာ မှုခင်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကို တိုင်ကြားထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခနဲ့ သံဃာတချို့က ဧပြီလ ၉ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-04-10
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ဟာ အခုနှစ်မှာ ရေပိုခမ်းခြောက်လာတဲ့အတွက် လှေသမ္ဗာန်တွေ သွားလာရ ခက်ခဲလာနေသလို၊ တချို့ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲ တွေ့နေပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2015-04-10
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-04-09
ပဲခူးတိုင်း၊ ဝေါမြို့မှာ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်၊ အခမ်းအနားမှာ အားကစားပြိုင်ပွဲတွေ သီချင်းဆိုပြိုင်ပွဲ မှာတွေ ကရင်ဒုံးယိမ်းအကနဲ့ ပန်းရဲ့လမ်းတေးဂီတအဖွဲ့တို့ က တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ RFA သတင်းထောက် ခင်ပြည့်စုံက တင်ပြထားပါတယ်။
2015-04-09
၂ဝ၁၅ နှစ်သစ်ကူး သြင်္ကန်ကာလအတွက် ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ် ၃၆ လုံးဆောက်လုပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုချက်ပေးထားပါတယ်။
2015-04-09
မန္တလေးမြို့က ဦးပိန်တံတားကို နိုင်ငံခြားသားတွေ လည်ပတ်တာများ လာနေတဲ့အတွက် ငှက်လှေသမားတွေ ဝင်ငွေ ကောင်းမွန်နေပါတယ်။
2015-04-08
၂ဝ၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒပညာရှင် ဆရာစံဇာဏီဘိုက ရှင်းပြထားပါတယ်။
2015-04-08
၂ဝ၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒပညာရှင် ဆရာစံဇာဏီဘိုက ရှင်းပြထားပါတယ်။
2015-04-08
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR (ခေါ်) အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ကြားနာပွဲကျင်းပနေပါတယ်။
2015-04-08
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့ဆိုတဲ့အချက်ကို ထည့်သွင်းအတည်ပြုလိုက်တာ ဖြစ်ပါတယ်။
2015-04-08
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက်၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားသူတွေကို လက်ပံတန်း မြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပါတယ်။
2015-04-08
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က မြို့မိ မြို့ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။