သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-13
ရန်ကုန် ကျောက်တံတားမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ "ကြိုက်တာယူ ၅ ထောင်ကျပ်" ဆိုင်တွေကို ပြီးခဲ့ရက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေး ခဲ့ရာမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်တဲ့ Business Visa မဟုတ်ဘဲ Social Visa ကိုင်ထားတဲ့ တရုတ်နိုင်ငံသား ဆိုင်ဝန်ထမ်းတချို့ကို တွေ့ရှိခဲ့တယ်လို့ ဝင်ရောက် စစ်ဆေးတဲ့အဖွဲ့မှာ ပါဝင်တဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စား လှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။
2016-12-13
ရခိုင်ပြည်နယ်မှာ လက်ရှိအစိုးရသစ်တာဝန်ယူခဲ့တဲ့ကာလအတွင်း ဒီနေ့အထိ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၃၀၀ ကျော်ရှိပြီး အဲဒီတိုင်ကြားစာတွေအပေါ်မှာ အစိုးရက တိုင်တွယ်ဖြေရှင်းပေးတာမရှိသေးဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။
2016-12-13
မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ နည်းဥပဒေပါ ပြဌာန်းချက်တွေကို မလိုက်နာရင် လုပ်ပိုင်ခွင့်ပြုထားတဲ့ မြေတွေကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းသွားမှာဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူ့လွှတ်တော်မှာ ဒီဇင်ဘာလ (၁၂) ရက်နေ့ ဒီနေ့ ပြောကြားခဲ့ပါတယ်။
2016-12-13
အစိုးရတပ်မတော်နဲ့ တအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွတွေအကြား တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်ပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပိုင်းပေါ်က ကျေးရွာတချို့က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းက စပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ နဲ့ နောင်ချိုမြို့တွေဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
2016-12-13
စာပေစိစစ်ရေးလက်ထက်က ရသစာပေဖန်တီးမှုနဲ့ စာပေစိစစ်ရေး မရှိတဲ့နောက်ပိုင်း လက်ရှိ ရသစာပေဖန်တီးမှု ကွာခြားချက်တွေ ရှိလာပေမယ့် သိသိသာသာ တိုးတက်ပြောင်းလဲမှုတွေ မမြင်ပါဘူးလို့ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ စာရေးဆရာမ မိချမ်းဝေက ပြောပါတယ်။
2016-12-10
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်မှာ လူကူး ကုံးကျော်တံတား ၈ စင်းရှိပြီး တံတားတစ်စင်းကို ကျပ်သန်းတစ်ထောင် တင်ပြ တောင်းခံထားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ က ဝေဖန်နေကြပါတယ်။
2016-12-10
ရန်ကုန်မြို့တွင်း လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေက လမ်းဘေးဈေးသည် ၂၀၀နီးပါဟာ လမ်းဘေးပလောင်ဖေါင်းတွေပေါ်မှာ ဈေးရောင်းခွင့်ပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။
2016-12-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုင်းရင်းသား မျိုးနွယ်တွေရဲ့ ဘဝလုံခြုံရေးအတွက် ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆို ကို မေးခွန်းအဖြစ်ပြောင်းမေးဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက ပြောခဲ့တယ်ဆိုပြီး အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်က မီဒီယာတွေ ကို ဖြေကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ (၈) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းခဲ့ပါတယ်။
2016-12-09
မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား တရားဝင်သွားရောက် အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားဖို့ အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ အတွက် အလုပ်သမားတွေ ပို့ပေးနေတဲ့ အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေအတွက် အခက်အခဲဖြစ်လာသလို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတွေမှာလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
2016-12-09
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ စီမံချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းမှာ ကွန်တိန်နာ ကုန်တင်ယာဉ်တွေကို ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ မောင်းနှင်ခွင့်ပြုဖို့ သတ်မှတ်လိုက်ပါတယ်။
2016-12-09
မန္တလေးတိုင်းဒေသကြီးရဲ့ ၂၀၁၇-၂၀၁၈ ရသုံးမှန်းခြေငွေစာရင်းမှာ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုအခြေခံ ရေးဆွဲထားခြင်းမရှိဘူးလို့ ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌနဲ့ ကိုယ်စားလှယ်တွေက ဝေဖန်ကြပါတယ်။
2016-12-08
မကွေးမြို့နယ် သရက်လေးပင်ရွာမှာ အိမ်ရှင်တစ်ဦးက ကျေးရွာလမ်းကို ပိတ်ဆို့ထားတာကို ဖွင့်ခိုင်းရာမှာ အိမ်ရှင်ကို ငွေ ၁၅ သိန်းပေးလျော်ရ မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့တဲ့အပေါ် မကျေနပ်တဲ့ ရွာသားတွေက မကွေးမြို့ပေါ်မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-12-08
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော် မရှင်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ခရီးစဉ်အတွင်း တွေ့ရှိချက်တွေ ၊ တွေ့ဆုံမေးမြန်းထားသူတွေရဲ့ ပြောဆိုချက်တွေ အပေါ် အကြံပြုချက်ကို နှစ်ပိုင်းခွဲပြီး လာမယ့် ၂ဝ၁၇ နှစ်ဆန်းပိုင်းမှာ တင်ပြသွားမယ်လို့ သိရ ပါတယ်။
2016-12-08
မကြာခင်ထွက်ရှိလာမယ့် "၂ဝ၁၇ မော်တော်ယာဉ်ဆိုင်ရာမူဝါဒ" အသစ်မှာ ကားအသစ် တင်သွင်းခွင့်နဲ့ လက်ရှိ ပြည်တွင်းမှာရှိနေတဲ့ ကားတွေနဲ့ပတ်သက်ပြီး ပြောင်းလဲသွားမယ့်အခြေအနေတွေကို မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ကို RFA သတင်းထောက် ကိုကောင်းထက်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-12-07
ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေ တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့ မှာ တွေ့ဆုံမှုပျက်သွားတာဟာ ငြိမ်းချမ်းရေးအတွက် ချို့ယွင်းချက်ဖြစ် သွားတယ်လို့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေး မှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။