သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-02
ဧပြီလ ၃၀ ရက်နေ့က ကွယ်လွန်သွားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ စျာပနအခမ်းအနားကို ဒီကနေ့ မေလ ၂ ရက်နေ့မှာ ရန်ကုန် ကိုးမိုင်နေအိမ်မှာ ကျင်းပခဲ့ပြီး ရုပ်ကလာပ်ကို ရေဝေးသုသာန်ဆီ ပို့ဆောင်သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
2022-04-28
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အာဏာသိမ်းပြီး လအနည်းငယ်အကြာ ပြီးခဲ့တဲ့နှစ် ဇွန်လဆန်းကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုတော့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းလေးမှာ ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားရွာတွေကနေ ထွက်ပြေးလာသူ ၆၀၀၀ ကျော်လောက် ရှိနေပါပြီ။
2022-04-27
ပြိုကျလုနီးပါးဖြစ်နေတဲ့ ဒီအိမ်ကလေးဟာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုပေးထားတဲ့ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာလေး ဖြစ်ပါတယ်။
2022-04-26
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းကျေးရွာက ရိုဟင်ဂျာဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ကြုံနေပါတယ်။ အလုပ်အကိုင်တွေလည်းမရှိသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတာကြောင့် အခုလိုအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-04-24
အမေရိကန်ပြည်ထောင်စု၊ Women For Myanmar အဖွဲ့နဲ့ လူမှုရေးသမားတွေက စစ်အာဏာရှင်တော်လှန်ရေးကြိုးပမ်းနေတဲ့ မြန်မာပြည်က သွေးချင်းတွေကို ကူညီဖို့ ရန်ပုံငွေရှာဖွေပွဲကို မေရီလန်းပြည်နယ်မှာ ဧပြီ ၂၄ ရက်နေ့ ညနေကကျင်းပခဲ့ပါတယ်။
2022-04-20
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ မသူသူဟာ အထည်ချုပ်စက်ရုံတစ်ခုခုမှာ အလုပ်ရဖို့ ကြိုးစားနေတာ နှစ်ပတ်ကျော်ရှိလာပါပြီ။
2022-04-16
အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ဒဏ် အပြင်းအထန်ခံနေရတဲ့ကြားက မကြောက်မရွံ့ သံချပ်ထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က ရွာပေါင်းစုံသပိတ် သံချပ်အဖွဲ့ ဖြစ်ပါတယ်။
2022-04-15
လူထုရဲ့ မကျေနပ်ချက်တွေ၊ အာဏာပိုင်တွေရဲ့ လိုအပ်ချက်တွေကို လူထုကိုယ်စား သင်္ကြန်ရောက်တိုင်း သံချပ်ထိုး ထောက်ပြခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဒီနှစ်သင်္ကြန်မှာတော့ တောတွင်း တစ်နေရာကနေ သံချပ်ထိုးပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေကြပါတယ်။
2022-04-15
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ NLD ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပြင် သာမန်ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းနေပါတယ်။
2022-04-15
မြစ်ကြီးနားမြို့က ပြည်သူ့ရင်ပြင်မှာ စစ်ကောင်စီက ဦးဆောင် ပြုလုပ်တဲ့ လမ်းလျှောက် သင်္ကြန်မှာတော့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ လူစည်ကားနေခဲ့ပါတယ်။
2022-04-14
ရွှေနွယ်သွေး သံချပ်အဖွဲ့ကတော့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရွာပေါင်းစုံက ဆန္ဒပြလူငယ်တွေ စုစည်းဖွဲ့ထားတဲ့ အဖွဲ့ပါ။ ၁ဝ တန်းကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ ၁၈ နှစ်အောက်လူငယ်တွေ အများဆုံး ပါပါတယ်။
2022-04-14
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံတစ်ဝန်းက အခြားဒေသတွေနဲ့ မတူဘဲ ရေကစားသူတွေနဲ့ စည်ကားနေပါတယ်။
2022-04-13
ရွှေလက်ညှိုးရဲ့ သံချပ်ထိုးချက်တွေထဲမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချထားရုံသာမက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောမှားဆိုမှားတွေကိုလည်း အားမနာတမ်း ထောက်ပြထားပါတယ်။
2022-04-13
မြန်မာနိုင်ငံမှာ အစည်ကားဆုံးပွဲတော်ဖြစ်တဲ့ နှစ်ကူးအတာသင်္ကြန်ကို ကျင်းပဖို့ ရှင်ပြုအလှူ၊ စတုဒိသာအလှူနဲ့ ရက်ရှည်ရုံးပိတ်ရက်တွေအတွက် အခုလိုသင်္ကြန်အကြိုကာလမှာ ဆန်၊ ဆီ၊ ကြက်သွန်၊ ငရုတ် စတဲ့ အခြေခံ စားကုန်တွေကို အလုအယက် ဝယ်ယူလေ့ရှိပါတယ်။ အဲ
2022-04-12
သံချပ်အဖွင့်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံအာဏာကို သိမ်းယူခဲ့ပေမယ့် အခုအချိန်ထိ တိုင်းပြည်ကို လုံးဝ အုပ်ချုပ်လို့ မရသေးဘူး ဆိုတဲ့ စာသားနဲ့ သံချပ်ကို စဖွင့်ထားပါတယ်။