သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-06
ပြည်တွင်းမှာ ရောင်းချနေတဲ့ စက်သုံးဆီတွေဟာ အရည်အသွေးမကောင်းတဲ့အတွက် ပြည်ပကနေ လာရောက်လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကို အမြန်ဆုံးခွင့်ပြုသင့်တယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောလိုက်ပါတယ်။
2017-04-06
ရခိုင်ပြည်နယ် အမ်းမြို့ကိုဖြတ်သန်းသွားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် သိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအတွက် လျော်ကြေးငွေတွေပေးဖို့ မြေယာဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေက အစိုးရကို တောင်းဆိုထားပါတယ်။
2017-04-06
EU ဥရောပသမဂ္ဂအဖွဲ့ တည်ထောင်တဲ့ နှစ် ၆ဝ ပြည့် အထိမ်းအမှတ်အဖြစ် အခုနှစ်ကစပြီး ပထမဆုံး ပေးအပ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေးဆု "Schuman Award" ကို မြန်မာနိုင်ငံက လုပ်ကြံခံရတဲ့ ရှေ့နေဦးကိုနီ၊ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းနဲ့၊ ကချင်အမျိုးသမီး ဒေါ်ဂျာနန်လထော တို့ကို ချီးမြင့်လိုက်ပါတယ်။
2017-04-05
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာထဲက ၁၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ၉ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
2017-04-05
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေနဲ့ အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့နဲ့ ပူးတွဲလုပ်ဆောင်နေသလို၊ မူလ တပ်ပေါင်းစုဖြစ် တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကနေလည်း နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
2017-04-05
စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ခွင့်မပြုဖို့ တောင်းဆိုတာဟာ လက်ဝါးကြီး အုပ်ထားချင်လို့ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2017-04-05
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးရဲ့ တနှစ်တာအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-04-04
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေကို NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးသွားဖို့ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
2017-04-03
မကွေးမြို့ မြင်သာ-၂၉ လမ်းနဲ့ သစ္စာလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ ရွှေမြတ်မင်းသမီး ကာရာအိုကေဆိုင်နဲ့ စားသောက်ဆိုင်မှာ ဧပြီလ ၂ ရက် မနေ့ညက မီးလောင်မှုကြောင့် လူပေါင်း ၁၅ ဦး သေဆုံးပြီး၊ တဦးက အပြင်း အထန် မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။
2017-04-03
တရားစီရင်မှု ဖြောင့်မတ်မှန်ကန်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးရှေ့မှာ ဆန္ဒပြဖို့ ပဲခူးမြို့ခံအယောက် ၂ဝ လောက် သွားရောက်ရာမှာ ရုံးနားမရောက်ခင် မှာပဲ ရဲတပ်ဖွဲ့က ၂ နာရီကျော်ကြာအောင် တားဆီးခဲ့ပါတယ်။
2017-04-03
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက ၇နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ၆နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
2017-04-03
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဝမ်ပေါင်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်တွေကို ပုသိမ်-မုံရွာ ကားလမ်းပေါ် ကနေ မဖြတ်သန်းဖို့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က တားဆီးဆန္ဒပြခဲ့တဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ပြီး လူစုခွဲခဲ့ပါတယ်။
2017-04-02
" ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲနေ့ မဲရုံတွေ အခြေအနေ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုချမ်းငြိမ်းအောင် (ဥက္ကဌ - ဒါနရှေ့ဆောင်အဖွဲ့) နဲ့ လှိုင်သာယာ မဲဆန္ဒနယ်မှာ သတင်းရယူခဲ့တဲ့ RFA သတင်းထောက် ကိုသန့်ဇင်ဦး၊ ကော့မှူးမဲဆန္ဒ နယ်မှာ သတင်းရယူခဲ့တဲ့ ကိုကျော်ဇောဝင်းတို့က ပင်တိုင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-04-01
လာမယ့် ၂၀၂၁ ခုနှစ်အထိ သတ်မှတ်ထားတဲ့ အမျိုးသားကျန်းမာရေး ငါးနှစ်စီမံကိန်း မိတ်ဆက်ပွဲကို ဒီကနေ့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။
2017-04-01
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော် နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန် မြို့နယ်မှာ ရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။