သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-03
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းက တောင်သူတွေဟာ အစိုးရက သိမ်းယူထားတဲ့ ယာမြေတွေ ပြန်လည်ရရှိရေးအတွက် အဲဒီမြေနေရာတွေကို ဝင်ရောက်ပြီး ခုတ်ထွင်ရှင်းလင်းနေကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-03
နတ်တော်လဆန်း ၁ ရက်၊ မနေ့က ကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့နဲ့ နယ်မြို့ အတော်များများမှာ ကျင်းပခဲ့သလို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း ကျင်းပခဲ့ပတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2013-12-03
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း၊ တမာကုန်းရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု ၄၈ စုကို နေပြည်တော် စည်ပင်သာယာရေးကော်မတီက တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ တရားစွဲခံရသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-12-03
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ အီတာလျံ- ထိုင်းကုမ္ပဏီကို ရပ်ဆိုင်းလိုက်ပြီး တခြားကုမ္ပဏီတွေ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင် တင်ဒါအသစ်ခေါ်ယူသွားမယ်လို့ ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီဇင်ဘာလ ၂ ရက် မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-03
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်မှာ လာရောက်ခိုလှုံနေကြတဲ့ တာလောကြီးဒေသ စံကင်းကျေးရွာက စစ်ပြေးဒုက္ခသည်တွေဟာ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ မူရင်းနေရပ်ကို ဒီဇင်ဘာလ ၂ ရက်၊ မနေ့က ပထမဆုံးအသုတ်အဖြစ် ပြန်သွားကြပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-12-03
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှု စတင်တဲ့ အခမ်းအနားကို နိုဝင်ဘာလ ၃ဝ ရက်၊ စနေနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2013-12-03
ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မကြာသေးခင်ရက်ပိုင်းက မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်တာနဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ရှုတ်ချတဲ့ ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-03
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း (၁၊ ၂၊ ၃) ရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြသူတွေဟာ တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီးဆန္ဒပြဖို့ ဒီနေ့ သရဏဂုံတင်လိုက်ကြပြီး ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-03
ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် (အသက် ၉၂ နှစ်) ရဲ့ ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်၊ စနေနေ့က ရေဝေးသုဿာန်မှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-03
သမ္မတ ဦးသိန်းစိန်ဟာ နိုဝင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-11-30
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၄၄၄ ရွာထဲက ထက်ဝက်ကျော်လောက်ဟာ လျှပ်စစ်မီးမရရှိရေးသေးတဲ့အတွက် ဒေသခံတွေက ကိုယ့်အားကိုယ့်ကိုးပြီး လျှပ်စစ်မီးရရှိဖို့ လုပ်ကိုင်နေကြရပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2013-11-30
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းမှာ အုပ်စုဖွဲ့ငါးဖမ်းကြတဲ့ တံငါသည်တွေဟာ ရာသီဥတုဆိုးဝါးတဲ့အတွက် အခုအခါ မွန်ပြည်နယ် သံလွင်မြစ်ဝကို ပြောင်းရွေ့လုပ်ကိုင်နေကြရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ဆက်ထားပါတယ်။
2013-11-30
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှေုာက်ဆန္ဒပြခဲ့ကြပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-11-29
RFA ပရိသတ်များရှင်၊ ကျမတို့ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ပထမဆုံး ပြည်တွင်းသတင်းထောက်ဖြစ်တဲ့ ကိုမိုးသူအောင် (ခေါ်) ကိုဝေဖြိုးဟန် အသက် (၂၄) နှစ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုမိုးသူအောင်ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ဒီနေ့ ပို့ဆောင်မီးသြင်္ဂိုဟ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။