သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-18
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ် တဲ့အခါ စက်ခလုတ်နှိပ်မဲပေးမယ်ဆိုရင် သံသယ ရှိဖွယ်အခြေ အနေတွေ ဖြစ်လာနိုင်တာကြောင့် ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မနေ့က အကြံပြုတင်ပြ ထားပါတယ်။
2015-06-18
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ပြင်ဆင်နေတဲ့ Dagon City အိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးဖို့ အမျိုးဘာသာသနာ - စောင့်ရှောက်ရေး အဖွဲ့ (မဘသ) က ဖွဲ့စည်းထားတဲ့ “ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့” က ဒီနေ့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ပြီး ကြေငြာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
2015-06-18
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် "ပန်ကေးဆားတွင်းကျေးရွာ" ကို ဖြတ်သန်းသွားရာမှာ၊ ကျေးရွာအနီးတဝိုက်က မြေကြီးမှာ ဆားဓာတ်များတဲ့အတွက် ရေရှည်မှာ ဆားဓာတ်ကြောင့် ပိုက်လိုင်းပေါက်ကွဲမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2015-06-18
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ U-23 မြန်မာဘောလုံးအသင်းဟာ ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ ကြပါတယ်။
2015-06-18
မြန်မာနိုင်ငံမှာ သောက်ရေသန့် ထုတ်လုပ်တဲ့လုပ်ငန်းတွေ များပေမယ့် လက်လုပ်လက်စား လူတန်းစားအများစုကတော့ ရိုးရာရေချမ်းစင်တွေ က သောက်ရေကိုသာ သောက်သုံးနေကြဆဲ ဖြစ်ပါတယ်။
2015-06-18
ရှမ်းပြည် တောင်ကြီးမြို့နယ်က ထွက်ရှိတဲ့ စိန်တလုံးသရက်သီးတွေဟာ တရုတ်ပြည်ကို တင်ပို့တဲ့နေရာမှာ ဈေးကောင်းမရတဲ့အတွက် ရန်ကုန်ကိုသာ အဓိကထားတင်ပို့နေရပါတယ်။
2015-06-17
မြန်မာနိုင်ငံက အနာကြီးရောဂါ ဝေဒနာရှင်တွေ ဟာ ရောဂါပျောက်ကင်းခဲ့ပေမယ့် သူတို့ရဲ့ မျိုးဆက်တွေအနေနဲ့ စီးပွားရေး လူမှုရေး၊ ပညာရေး… စတဲ့ နယ်ပယ်တွေမှာ စိတ်ခွန်အားမြင့်မားအောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
2015-06-17
အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ပေးဖို့ ဒေသခံလူထုက သမ္မတကို တင်ပြဖို့အတွက် ရှမ်းပြည်နယ် ညောင်ရွှေမြို့ မိုင်းသောက်ဘုန်းကြီးကျောင်းမှာ မနေ့က လက်မှတ်တွေ စုဆောင်းကောက်ယူခဲ့ကြပါတယ်။
2015-06-17
ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးကို ထိုင်းအမျိုးသား ၆ ဦးက ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အဓမ္မပြုကျင့်ခဲ့မှုကို တရားဥပဒေအတိုင်း ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က သံဃာတော်တွေက တောင်းဆို ခဲ့ကြပါတယ်။
2015-06-17
ရခိုင်ပြည်နယ်ကထွက်တဲ့ သဘာဝသယံဇာတတွေရဲ့ အကျိုးအမြတ်တဝက်ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲခွင့်ရရှိဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2015-06-16
အရှေ့တောင်အာရှ SEA Games ဘောလုံး ဗိုလ်လု ပွဲမှာ မြန်မာ U 23နဲ့ ထိုင်း U 23 အသင်းတို့ ကစားပွဲ ကို ရန်ကုန်မြို့မှာ LED Screen နဲ့ ကြည့်ဖို့ ပြင် ဆင်နေကြတာကို အာအက်ဖ်အေ သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2015-06-16
၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြိုးဖြိုးအောင်က ရရှိခဲ့ပါတယ်။
2015-06-16
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ- ပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် လှုပ်ရှားခဲ့တဲ့ မကွေးတိုင်း NLD ပါတီအတွင်းရေးမှူး ကိုနေမျိုးကျော်ကို ဒဏ်ငွေကျပ် ၂ သောင်းပေးဆောင်ဖို့၊ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်ဒဏ်တလကျခံဖို့ မကွေးမြို့နယ်တရားရုံးက ဇွန်လ ၁၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။
2015-06-16
လှေစီးဒုက္ခသည်တွေကို လက်မခံဖို့အတွက် စစ်တွေမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး… စတဲ့ ရခိုင်ပြည်နယ်က မြို့အတော်များများမှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-06-12
ရန်ကုန်မြို့ ရွှေပေါက္ကံမြို့နယ်အတွင်းက အိမ်ခြေ ၈ဝ နီးပါးရှိတဲ့ ဆင်ဖုန်ရွာကို ဇွန်လ ၁၂ ရက်နေ့ မနက် ၅ နာရီ လောက်မှာ လူအင်အား ၂ ရာလောက်က အင်အားသုံး ဖျက်ဆီးခဲ့ပါတယ်။ ဆင်ဖုန်ရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။