သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-09
မန္တလေးတိုင်း မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး Ba Kaung Facebook အကောင့်မှာ ပြီးခဲ့တဲ့ ရေးသားခဲ့တဲ့အပေါ် အသရေဖျက်မှုနဲ့ Ba Kaung အကောင့်ပိုင်ရှင် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဦးဝီရသူရဲ့ တပည့်တစ်ဦးက ပုဒ်မ ၆၆ (ဃ) နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2017-03-09
မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော် MICC 2 မှာ ကျင်းပရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2017-03-09
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အလွယ်တကူ မဲ ပေးနိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး မဲအသိပညာပေး လုပ်ငန်းတွေကို ရန်ကုန်လှိုင်ယာသာမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2017-03-09
မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ခုရဲ့ ဝန်ကြီးတွေအဖြစ် လက်ရှိအစိုးရအဖွဲ့နှစ်ဦးကို ယာယီခန့်အပ်ပေးဖို့ လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတာကြောင့် လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
2017-03-09
မတ်လ (၈) ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံက အမျိုးသမီးတချို့ရဲ့ နေ့စဉ်စားဝတ်နေရေးရုန်းကန်တိုက်ပွဲဝင်နေပုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ရိုက်ကူးတင်ပြထားပါတယ်။
2017-03-08
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့က မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီးနောက် ဒေသခံတွေ တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေသလို မကွေးတိုင်းကနေ ကြံလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေလည်း နေရပ်ပြန်ဖို့ စီစဉ်နေကြပါတယ်။
2017-03-08
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ Myanmar Veneer သစ်အခြေခံစက်ရုံလုပ်သားခေါင်းဆောင် ၇ ဦးကို ပုဒ်မ ၁၈ ပုဒ်မ ၃၄၁ တို့နဲ့ ထောင်ဒဏ် ၅ လစီ ကျခံဖို့ စစ်ကိုင်းမြို့နယ်တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2017-03-08
ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုနည်းနေတဲ့ အတွက် အသိပညာပေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
2017-03-08
တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတကို ပြန်ပြီးတည့်မတ်နိုင်ဖို့အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးက ဆွေးနွေးပြီး ပြည်သူ့ လွှတ်တော်မှာ မတ်လ ၇ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
2017-03-08
လောက်ကိုင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ရာမှာ… MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့မလိုဘဲ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်မယ်လို့ ကမ်းလှမ်းခဲ့ကြောင်း ပါရှိပါတယ်။
2017-03-06
၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီး လုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းကို နေပြည်တော် Kempinski Hotel မှာ မတ်လ ၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2017-03-06
၂ဝ၁၇-၂ဝ၁၈ ခုနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာ ထည့်သွင်းထားတဲ့ စက်မှုဝန်ကြီးဌာန လက်အောက်က စီမံကိန်း ၃၄ ခုနဲ့၊ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနလက်အောက်က စီမံကိန်း ၁ဝ ခု၊ စုစုပေါင်း စီမံကိန်း ၄၄ ခုကို ယာယီရပ်ဆိုင်းဖို့ လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်ကို ဒီနေ့ တင်ပြခဲ့ပါတယ်။
2017-03-06
လာမယ့် ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒရှင်အများစုက စိတ်ဝင်စားမှု မရှိကြဘူးလို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အပါအဝင် နိုင်ငံရေးပါတီတွေ နဲ့ ရွေးကောက် ပွဲ စောင့်ကြည့်လေ့ လာတဲ့ အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။
2017-03-05
မတ်လ ၄ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" သမဂ္ဂ အဆောက်အအုံ ဖြစ်မြောက်ရေး နဲ့ ကျောင်းသား လှုပ်ရှားမှုအကြောင်း " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုမင်းသွေးသစ် (ဗကသ အဖွဲ့ဝင်) နဲ့ ကို နန်းလင်း(တကသ အဖွဲ့ဝင်)၊ ကိုဇေယျာလွင် (တကသ အဖွဲ့ဝင်) တို့က ပင်တိုင်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
2017-03-04
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေကို အရေးမယူလို့ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ကို ရန်ကုန်မြို့ခံ ၁၄ ယောက်က မတ်လ ၃ရက်နေ့က ပျဉ်းမနားမြို့မှာ ဆန္ဒပြကြပါတယ်။