သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူ ပေးခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းတွေက အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အတွက်ရည်စူးပြီး ရန်ကုန်မြို့ သရက်တောကျောင်းတိုက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။
2014-11-04
PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကန့်ကွက်တဲ့ ဆန္ဒုပြပွဲကို ဒီစနစ်ကျင့်သုံးရေး အမျိုးသားလွှတ်တော်မှာ အဆိုပြုတင်သွင်းခဲ့တဲ့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က PR စနစ် ဆန့်ကျင်သူတွေက ဆန္ဒပြကြပါတယ်။
2014-11-04
နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က သတင်းမီဒီယာသမားတွေနဲ့ အရပ်ဖက်လူမှု့အဖွဲ့အစည်းက အဖွဲ့ဝင်တွေအပါအဝင် လူ ၁၀၀ ကျော်ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သတင်းမီဒီယာသမားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-04
အလုပ်ရှင်နဲ့အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ အလုပ်ရှင်တွေဖက်က မှားယွင်းတဲ့အခါ ငွေဒဏ်သာ သတ်မှတ်ပြဌာန်းထားတဲ့အတွက် ငွေဒဏ်တင်မကပဲ ထောင်ဒဏ်ပါ ထည့်သွင်းပြီး ပြင်ဆင်ပြဌာန်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂၀၀ ကျော်လောက် မနေ့က ရန်ကုန်မြို့ ကျိုက္ကဆံ အားကစား ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-03
ထိပ်သီး နိုင်ငံရေး ခေါင်းဆောင်၁၄ဦး