သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-10
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နဲ့အတူ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-05-10
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ကို ဒေသခံတောင်သူတွေက လေးရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။
2016-05-10
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ NLD ပါတီအစိုးရ တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၇ ရက်နေ့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2016-05-10
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ "ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ" ကို ပြန်လည်ပြင်ဆင်ဖို့ မရှိဘူးလို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မေလ ၉ ရက်နေ့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2016-05-07
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံသားခံယူခွင့်ဆိုင်ရာ ပြဿနာတွေကို "၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ" အရ အမြန် ဆုံး စိစစ်ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-05-07
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- ဗကသ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ... ဗကသ များအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး ကိစ္စ၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ခေါ်ယူရေးကိစ္စ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ တင်ပြထားတဲ့ ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
2016-05-07
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောက်မဲ နဲ့ သီပေါမြို့နယ်တွေမှာ RCSS နဲ့ TNLA တပ်တွေ တကြော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ကျောက်မဲ နဲ့ သီပေါမြို့တွေမှာ စစ်ပြေးဒုက္ခသည်တွေ များလာနေပါတယ်။
2016-05-07
နေပြည်တော်ကို ချီတက်နေကြတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အခြေခံ စက်ရုံက အလုပ်သမားတွေဟာ ဒီကနေ့ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ ကို ရောက်ရှိနေကြပါတယ်။
2016-05-07
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-05-05
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာ က ခရစ်ယာန်ဘုရားကျောင်းဝင်းနဲ့၊ ရွှေဂွန်းကျေးရွာ က အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေနဲ့ ဗလီ လမ်းကြားမှာ မြိုင်ကြီးငူဆရာတော် ဦးသုဇန က စေတီတွေတည်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ကရင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေက မေတ္တာရပ်ခံ ထားပါတယ်။
2016-05-05
လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း အတွင်းမှာ မြိုင်ကြီးငူဆရာတော် ဦးသုဇနက စေတီ ၂ ဆူတည်လိုက်တဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ အစိုးရကို မေတ္တာရပ်ခံထားတဲ့ ကရင်ပြည်နယ် သာသနာပိုင် ခရစ်ယာန်ဆရာတော် စောစတိုင်လိုကို RFA အဖွဲ့သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-05-05
လှိုင်းဘွဲမြို့နယ်က ဗလီအနီးမှာ မြိုင်ကြီးငူဆရာတော်က စေတီတဆူ တည်လိုက်တဲ့ အတွက် ဖြေရှင်းပေးဖို့ အစိုးရအဖွဲ့ကို စာရေးသားတောင်း ဆိုခဲ့တဲ့ ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးနဂျူး- ခေါ် ဦးအောင်မြင့်ဦးကို RFA အဖွဲ့သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-05-05
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ နှစ် ၇၀ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပခဲ့ပါ တယ်။
2016-05-05
ပညာရေးဝန်ကြီးဌာန လက်အောက်မှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ပြောင်းလဲဖွဲ့စည်းမှုနဲ့၊ မွေးခွန်းပေါက်ကြားမှုတွေအပြင် မကွေးတိုင်းမှာ ကုမ္ပဏီတခုက အရည်အသွေးမမှီတဲ့ ကျောင်းဆောက်လုပ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မေလ ၅ ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-05-05
ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း မှာရှိတဲ့ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ နေ့စဉ် သန့်ရှင်းရေးလုပ်နေကြတဲ့ စည်ပင်သာယာ ဝန်ထမ်းတွေအတွက် အထောက်အကူပြုပစ္စည်း လိုအပ်ချက်တွေရှိနေပါတယ်။