သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-23
ကချင်ပြည်နယ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေအကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်းတွေနဲ့ ရွှေလုပ်သားတွေအကြောင်းကို RFA က အပိုင်းလိုက်ခွဲပြီး တင်ပြပေးနေပါတယ်
2016-03-23
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ အစိုးရအဖွဲ့ဝန်ကြီး ၁၈ ဦး အမည်စာရင်းမှာ NLD ပါတီရဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင်လည်း ပါဝင်ပါတယ်။ ဦးသန့်စင်မောင်ဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဦးသန့်စင်မောင်ဟာ ရန်ကုန်တက္ကသိုလ်နဲ့ ပုသိမ်ကောလိပ်တို့မှာ နည်းပြဆရာအဖြစ် ခြောက်နှစ်နဲ့၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှာ လက်ထောက်မန်နေဂျာရာထူးကစပြီး အထွေထွေမန်နေဂျာအဆင့်အထိ နှစ် ၃ဝ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
2016-03-23
သမ္မတသစ်ဦးထင်ကျော် အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၂ ရက်နေ့ ဒီနေ့ ကြေညာခဲ့ပြီး လာမယ့် မတ်လ ၂၄ ရက်နေ့မှာ အတည်ပြုမှာဖြစ်ပါတယ်။
2016-03-21
အစိုးရသစ်လက်ထက်မှာ ထားရှိမယ့် ဝန်ကြီးဌာ နတွေအကြောင်းနဲ့ ဝန်ကြီးဌာနတွေ လျှော့ချလိုက်တဲ့ အစိုးရသစ်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။
2016-03-21
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ ရက်ပေါင်း ၂ဝ ကျော်ကြာ ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ သမ္မတအသစ် ဦးထင်ကျော်ကို ကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
2016-03-21
၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းနဲ့၊ ဗကသများ အဖွဲ့ချုပ်က ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်တို့ကို "တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
2016-03-21
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်တို့ ၂ ဦးကို ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲ ခွင့်ပြုဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-03-21
အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2016-03-21
မိုးလေဝသပညာရှင် ဦးထွန်းလွင်က လက်ရှိ မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းလွန်းတဲ့ အယ်လ်နီညို ရာသီဥတု အကြောင်းနဲ့ နောင်ဖြစ်လာမယ့် ရာသီဥတု အခြေအနေတွေကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ရှင်းလင်းပြခဲ့ပါတယ်။
2016-03-19
ဒီလကုန်မှာ အစိုးရတာဝန် လွဲှပြောင်းယူတော့ မယ် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ရဲ့ အကြောင်း သူ့ရဲ့ မိသားစုဝင်တွေနဲ့ စာပေအသိုင်း အဝန်းက ရင်းနှီးတဲ့ မိတ်ဆွေတချို့က ပြောပြ ချက်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2016-03-19
သမ္မတသစ်ဦးထင်ကျော် တင်ပြထားတဲ့ အစိုးရသစ်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ဝန်ကြီး ၁၈ ဦးသာ ထားရှိမယ့် တင်ပြချက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2016-03-19
မိုဘိုင်းဖုန်း သုံးစွဲသူအားလုံးကို ဧပြီလ ၁ ရက်နေ့ကစပြီး အစိုးရက အခွန်ငွေ ၅ ရာခိုင်နှုန်း ဖြတ်တောက်တော့မယ်လို့ ဆက်သွယ်ရေးဌာန က ကြေညာ ထားပါတယ်။ ဖုန်းသုံးစွဲသူတွေထဲမှာ အခွန်ပေးဆောင်ချင်သူတွေ ရှိသလို မပေးချင်ကြသူတွေလည်း ရှိနေပါတယ်။
2016-03-19
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-03-18
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ တရာစီရင်ရေး၊ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို ထင်ဟပ်တဲ့ "Change အပြောင်းအလဲ"ဆိုတဲ့ ကာတွန်းပြပွဲကို River Ayeyarwaddy Gallery ပြခန်းမှာ ပြသထားပါတယ်။
2016-03-18
မြန်မာပြည်အနှံ့က ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို လှူဒါန်းဖို့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က "မျှဝေခြင်း စီမံချက်" ခေါင်းစဉ်နဲ့ ဗလာစာအုပ်နဲ့ သင်ရိုးညွှန်းတမ်း စာအုပ်တွေအပြင် ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေ အဝတ်အထည်တွေ လှူဒါန်းဖို့ အလှူခံနေပါတယ်။