သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-30
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ (USCIRF) ရဲ့ ၂ဝ၁၉ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် အရေးယူ ဆောင်ရွက်ဖို့ ဒေါ်နယ်ထရမ့်အစိုးရကို တိုက်တွန်းထားပါတယ်။
2019-04-30
UWSA "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနေနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ UWSA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ NCA လမ်းကြောင်းပေါ်ရောက်ဖို့ အလားအလာ ရှိပါသလား။
2019-04-30
မန္တလေးတိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ပြည်ပတင်ပို့မယ့် သဘာဝဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးနေသူ အမေရိကန်နိုင်ငံသား နှစ်ဦးအပါအဝင် လေးဦးကို ဆေးခြောက်စိုက်ပျိုးနေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်နေ့က အမှုဖွင့်အရေးယူလိုက်ပါတယ်။
2019-04-30
တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်လာရင် အတိုင်းအတာတခုထိ သည်းခံသော်လည်း အလွန်အကျွံဖြစ်လာရင် ထိုက်သင့်တဲ့နစ်နာမှုအတွက် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
2019-04-30
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ လာမယ့်မေလမှာ ထပ်မံတေ့ွဆုံမယ့် သဘောတူညီချက် ရရှိခဲ့တယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2019-04-30
မူဆယ်မြို့မှာ ဒီနေ့ကျင်းပတဲ့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖဲ့ွ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ စစ်ဘေးဒဏ်ခံနေရတဲ့ ရှမ်းမြောက်ဒေသက ဒေသခံတိုင်းရင်းသားတွေက တစုံတရာအပြုသဘောဆောင် တိုးတက်အေးချမ်းလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
2019-04-30
တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2019-04-29
တပ်မတော်က ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ဒီကနေ့ ရှစ်မိုင်က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2019-04-29
အဂတိလိုက်စားမှုတွေဟာ ကျဆင်းတာ မရှိသေးဘဲ အရင်အတိုင်းပဲ ရှိနေသေးကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2019-04-28
၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိတဲ့သူတွေကို မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့ကြပါတယ်။ RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာကို ကိုထက်အာကာက တင်ပြထားပါတယ်။
2019-04-26
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြစ်ဆုံစာချုပ် ချပြမယ့်ကတိကို ခုချိန်အထိ အကောင်အထည် မဖော်နိုင်တာ ဘာအတားအဆီးတွေ ရှိနေလို့ပါလဲ ကျန်နေတဲ့ NLD အစိုးရသက်တမ်းအတွင်း စာချုပ်ပါ အချက်အလက်တွေကို ချမပြနိုင်ခဲ့ရင် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး အစိုးရအပေါ် ဘယ်လိုတွေ သက်ရောက်မှု ရှိလာနိုင်မလဲ။
2019-04-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရပ်ကွက် (၆)၊ လဂုဂျောင်ကျေးရွာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့မြေစာစွန့်ပစ်မှုကြောင့် အိမ်ခြေ နှစ်ဆယ့်ရှစ်လုံး အက်ကွဲပြိုကျတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-04-26
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသား အတော်များများ လွှတ်ပေးခဲ့ပေမယ့်၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
2019-04-26
ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေဟာ AA အဖွဲ့ဆီ ရောက်နေတယ်လို့ ယူဆတဲ့အတွက် အစိုးရက ကန့်သတ်လိုက်ပြီးတဲ့နောက်၊ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီးရင်ဆိုင်လာနေတယ်လို့ သိရပါတယ်။
2019-04-26
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေက စက်ယန္တရားတွေ အလွန်အကျွံသုံးပြီး ကျောက်စိမ်းတူးဖော်တာ၊ ကျောက်မိုင်းခွဲတာတွေကြောင့် ရေကြောတွေ ပြတ်တောက်ပြီး ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။