မြစ်ဆုံစာချုပ် ပဟေဠိ
2019.04.26
တရုတ်နိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ခေါင်းဆောင်တွေ မြစ်ဆုံစီမံကိန်းကိစ္စ ဆွေးနွေးခဲ့တာမရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ မြစ်ဆုံကိစ္စကို အစိုးရအနေနဲ့ အလေးအနက် စဉ်းစားသုံးသပ်နေပြီး ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြသွားမယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြစ်ဆုံစာချုပ် ချပြမယ့်ကတိကို ခုချိန်အထိ အကောင်အထည် မဖော်နိုင်တာ ဘာအတားအဆီးတွေ ရှိနေလို့ပါလဲ ကျန်နေတဲ့ NLD အစိုးရသက်တမ်းအတွင်း စာချုပ်ပါ အချက်အလက်တွေကို ချမပြနိုင်ခဲ့ရင် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး အစိုးရအပေါ် ဘယ်လိုတွေ သက်ရောက်မှု ရှိလာနိုင်မလဲ။
RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။