မိသားစုနဲ့ခွဲခွာပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာသူ
RFA Burmese
2024.04.18
2024.04.18
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့လူငယ်အတော်များများ မိသားစုနဲ့ခွဲခွာပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာကြပါတယ်။ အဲဒီအထဲမှာ ရှမ်းပြည်နယ် ကျေးလက်ဒေသက မမိုးပြည့်စုံ တစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် မမိုးပြည့်စုံဟာ လက်ရှိမှာ ကရင်ပြည်နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။