၂ဝ၁၇ မြန်မာဘိန်းစိုက်ပျိုးမှု ဆန်းစစ်ချက်


2017.12.07

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုပမာဏဟာ ၂ဝ၁၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန UNODC က ထုတ်ပြန်တဲ့ ၂ဝ၁၇ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ပွဲကို UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးတွဲပြီး နေပြည်တော်က Kampinski Hotel မှာ ၂ဝ၁၇ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။