မြစ်ကြီးနားမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦး လွတ်မြောက်


2014.11.11

ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က မြို့တဝိုက်မှာ နေထိုင်သူ လူငယ်အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲ့ဒီအထဲက ၁၁ ဦးက ဒီနေ့ပြန်လည် လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူ ၁၁ ဦးဟာ မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက် "အေ" မှာ နေထိုင်တဲ့ မိန်းကလေး ၃ ဦးနဲ့ ယောင်္ကျားလေး ၈ ဦး ဖြစ်တယ်လို့ ဒီနေ့ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ် မခေါ်ဆားရ်က ပြောပါတယ်။

"ယူနီဖောင်းတော့ ဝတ်မထားဘူးပေါ့၊ လက်နတ်တော့ကိုင်တယ်၊ ဒီမှာ သူငယ်ချင်းတွေလည်းရှိတယ်ဆိုပြီးတော့ အဲ့လိုခေါ်သွားတယ်၊ အယောက် ၂၀ ကျော်လောက်ပါသွားတယ်၊ ဒီရွာက ၁၁ ယောက်၊ တောတစ်နေရာမှာ စုပြီးတော့ လမ်းမပေါ်ရောက်တော့ သုံးလေးငါးယောက်တော့ ခေါ်သွားတယ်၊ မိန်းကလေးလေးက ၃ ယောက်၊ ယောင်္ကျားလေးက ၈ ယောက်"

ဖမ်းဆီးခံခဲ့ရသူတွေဟာ လီဆူ၊ ရဝမ်၊ ဂျိန်းဖောစတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေဖြစ်ပြီး ကြာရာပတ္တီးရပ်ကွက် "အေ" က ၁၁ ယောက်နဲ့ ကျန်တဲ့သူတွေက မြစ်ကြီးနားမြို့ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ရပ်ကွက်တွေမှာ နေထိုင် သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။