H1N1 ကူးစက်သူ ၁၃၀ ကျော်ရှိလာ


2017.08.04
h1n1-mask-622.JPG ရာသီတုတ်ကွေးရောဂါ ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတပ်ဆင်ထားစဉ်
Photo: Kyaw Zaw Win/RFA

ဒီနေ့မှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ ၂၂ ဦး ထပ်မံတွေ့ရှိရတဲ့အတွက် တစ်နိုင်ငံလုံးမှာ ဒီနေ့အထိ H1N1 ရောဂါပိုးတွေ့ရှိသူ ၁၃၂ ဦးရှိပြီး သေဆုံးသူ ၁၄ ယောက်ရှိပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဘီလတောင် ကပြောပါတယ်။

ဒီနေ့မနက် ပြင်ဦးလွင်ဆေးရုံမှာ H1N1 ရောဂါပိုးတွေ့ရှိထားသူတစ်ယောက် သေဆုံးသွားတာကိုတော့  တခြားရောဂါအခံနဲ့ သေဆုံးတာဖြစ်လို့ H1N1 ကြောင့် သေဆုံးတဲ့စာရင်းမှာ ထည့်မတွက်ဘူးလို့ ဒေါက်တာ ဘီလတောင် ကပြောပါတယ်။

"ဒီနေ့  နောက်ထပ်ပိုးတွေ့တဲ့ လူနာ ၂၂ ဦး ထပ်တိုးတယ်၊ စုစုပေါင်းပိုးတွေ့တဲ့လူနာက  ၁၃၂ ဦးပေါ့။ အဲထဲကမှ သေဆုံးလူနာက ဒီနေ့တော့ ထပ်မတိုးပါဘူး၊ ၁၄ ဦးပါပဲ၊  မနေ့ကအတိုင်းပါပဲ၊ ပြင်ဦးလွင် ကတော့ ဆုံးတယ်၊ ဒါပေမဲ့ သူကတော့ H1N1  ရာသီတုပ်ကွေးရောဂါနဲ့ ဆုံးတာမဟုတ်ဘူး၊ သူရဲ့ နဂိုအခံရောဂါရှိတယ်၊  ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်နဲ့ သေဆုံးရခြင်းဖြစ်ပါတယ်။ အဲဒါနဲ့  ဆုံးတဲ့အတွက် ကျွန်တော်တို့က H1N1 ဆုံးတာမဟုတ်ဘူးဆိုပြီးတော့ ဒီဘက်ကတော့  ဆုံးဖြတ်ထား ပါတယ်"

ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ H1N1 ရောဂါပိုးတွေ့ရှိပေမယ့် ကျန်းမာရေး ပြန်လည်ကောင်းမွန် လို့ ဆေးရုံက ဆင်းသွားသူက ၄၅ ဦး ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။