အာဏာသိမ်းပြီး လ ၂၀ အတွင်း တိုက်ပွဲပေါင်း ၇၇၀၀ ကျော် ဖြစ်ပွား

2022.10.20
အာဏာသိမ်းပြီး လ ၂၀ အတွင်း တိုက်ပွဲပေါင်း ၇၇၀၀ ကျော် ဖြစ်ပွား ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
Photo: KNU

မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ အောက်တိုဘာလ ၁၂ နေ့အထိ တိုက်ပွဲပေါင်း ၇၇၀၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု (ISP - Myanmar) က အောက်တိုဘာလ ၁၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေရဲ့ ၅၉ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေ အကြားဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ PDF တွေအကြား တိုက်ပွဲပေါင်းကတော့ ၂၁၀၀ ကျော် အထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ EAO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကတော့ ၉၀၀ ကျော် အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ထဲမှာ ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၃၀၀ ကျော်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး နိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ ၅၆ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းကတော့ တိုက်ပွဲပေါင်း ၈၃၀ ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာလည်း တိုက်ပွဲ ပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။