ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို


2017.11.12
2008-constitution-protest-622.jpg ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လူထုဟစ်တိုင်ကွင်းမှာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Thant Zin Oo/ RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ လူထုဟစ်တိုင်ကွင်းမှာ လူဦးရေ ၅၀ လောက်က ဒီနေ့ဆန္ဒပြတောင်းဆိုကြပါတယ်။

ဖွဲ့စည်းပုံကို ဖျက်သိမ်းမှသာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိမှာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးဝင်းဦး က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးတောင်းဆိုဖို့အတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ စုပေါင်းပြီး Freedom Fighter အဖွဲ့ကို ဖွဲ့စည်းထားပြီး ဒီနေ့ဆန္ဒပြပွဲကို အဲဒီအဖွဲ့က ဦးဆောင်တာဖြစ်ပါတယ်။

အစိုးရသစ်မတိုင်ခင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖျက်သိမ်းရေးအတွက် နေရာအနှံ့ဆန္ဒပြတာတွေ ဟောပြောတာတွေရှိခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာ ဒီနေ့ ဆန္ဒပြပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဟောပြောပွဲတွေပြုလုပ်တာ၊ လက်မှတ်ကောက်ခံတာတွေ ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ကောက်ခံရာမှာ လက်မှတ်ပေါင်း ၅သန်းကျော်ရရှိခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။