ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ဖွဲ့မည်


2013.03.20

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားဖို့ အဆိုကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ဝက်လက်မြို့နယ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ များပြားလာတဲ့အတွက် အချိန်အခါအလိုက် ဥပဒေကို ပြင်ဆင်သင့်တယ်လို့  ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒီအဆိုကို လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့စည်းရာမှာလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း ပါဝင်ဆောင်ရွက်သင့်တဲ့ ပုဂ္ဂိုလ်ဆိုတာတွေကို အတိအကျဖော်ပြီး အကြံပြုတင်ပြနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက် လွှတ်တော်မှာ အဆုံးအဖြတ်ခံယူသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။

ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးတင်ပြချက်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။