ဖားကန့်မှာ ၂၁ ပင်လုံ ထောက်ခံ တဲ့ လှုပ်ရှားမှု ပြုလုပ်


2017.05.23
21panglong-kachin-welcome-620.jpg ဖားကန့်မြို့နယ် လုံးခင်းရွာအဝင် တံတားထိပ်မှာ ၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့က စိုက်ထူးထားတဲ့ ၂၁ ရာစုပင်လုံညီလာခံကိုကြိုဆိုကြောင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Aung Myint Thu Facebook

နေပြည်တော်မှာ မနက်ဖြန်စတင်ပြုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စေဖို့ ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တင်လှုပ်ရှားမှုတရပ်ကို ဒေသခံ အရပ်ဘက်အဖွဲ့တွေက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီကနေ့ပြု လုပ်ခဲ့ပါတယ်။

ပြည်ထောင်စုတဝှမ်းလုံးမှာ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေဖို့ ငြိမ်းချမ်းရေးမြတ်နိုးသူတွေက ပူးပေါင်းဆောင်ရွက် ကြတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် NLD ပါတီရုံးတာဝန်ခံ ဦးခင်မောင်ချင်း က RFA ကို ပြောပါတယ်။

"၂၁ ပင်လုံညီလာခံကြီးအောင်မြင်အောင်၊ ပြည်သူလူထုမျှော်လင့်နေတဲ့အတိုင်း တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ ငြိမ်းချမ်းရေး လိုလားသူတွေပါ"

ဆိပ်မူ၊ လုံးခင်း၊ ဖားကန့် စတဲ့ မြို့ရွာတွေက တံတားထိပ်တွေနဲ့ အများပြည်သူသွားလာမှုများတဲ့ ရပ်ကွက်တွေအနီး မှာ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တွေကို အခုရက်ပိုင်းအတွင်း စိုက်ထူနေ တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့မနက်ပိုင်းမှာ လုံးခင်းရွာအဝင် ကျောက်ဖျာနဲ့ လယ်ပြင်ဂိတ်အနီး ဒေသအခေါ် လွှစင်တောင်တဝိုက်က တောတောင်တွေဘက်မှာ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလောမှာ ဖားကန့်ဒေသ ကျေးရွာတချို့မှာလည်း အစိုးရတပ်မတော်က လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။